
ရန်ကုန် ဇွန် ၁၆
မိုခါမုန်တိုင်း သဘာဝဘေး အန္တရာယ် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပ သည်။
ပြိုင်ပွဲမစတင်မီ ပြိုင်ပွဲဝင် အသင်းနှစ်သင်းအား ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်သည်။
ရန်ပုံငွေဘောလုံး ပြိုင်ပွဲကို မွန်းလွဲ ၃ နာရီတွင် စတင်ကျင်းပ ရာ ကောင်းထက်ဇော်၊ အောင်ရေ ချမ်း၊ ကျော်ဆု၊ လင်းမြတ်၊ မာန်ဟိန်း၊ စည်သူဝင်း၊ နက္ခတ်၊ မှူးသီဟသူ၊ ရှင်မွေလ၊ မိုးသူရ၊ မင်းဘုန်းမြတ်၊ အောင်ပိုင်၊ စောမင်းရာ၊ နက်ရှိုင်းကို၊ ဝေဇာ ကျော်၊ နေဝန်း၊ မိုးကောင်းကင် တို့ ပါဝင်သည့် Forever FC အသင်း နှင့် နေထက်လင်း၊ သူထူးစံ၊ ကောင်းခန့်၊ မိုးယံဇွန်၊ နေဒွေး၊ ကျော်ကျော်၊ ဘုန်းသျှံ၊ သာထက်၊ မင်းခန့်ကျော်၊ အိမ်အိမ်း၊ အိစိကွေး၊ ဖိုးဉာဏ်၊ နေဇာန်၊ နေသူရိန်၊ မျက်ပြူး၊ ထက်ဦးထွဋ် နှင့် မိုးမာန်တို့ပါဝင်သည့် ရုပ်ရှင် အသင်း(Movie FC)တို့ အကြိတ် အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ရုပ်ရှင်အသင်း (Movie FC) က Forever FC အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ညနေ ၅ နာရီတွင် ဒုတိယ ပွဲစဉ်အဖြစ် ထူးအယ်လင်း၊ ဆိုတေး၊ ဒီဖြိုး၊ အစ္စဏီ၊ ညီမင်းခိုင်၊ ဝေလျှံ၊ ဥဂ္ဂါ၊ ရာဝဏ ၊ ရော်ရွက်၊ မုန်ဆန်အောင်၊ သီဟ၊ သာထူး အောင်၊ နေလင်းကျော်၊ ZG၊ ဘိုဘို မြသိန်း၊ အောင်အောင်ဦး၊ မုန်ထွယ်အောင်တို့ ပါဝင်သည့် ဂီတအသင်း (Music FC) နှင့် နေလင်းဦး၊ အောင်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ တင်မြင့် အောင်၊ သန်းဝေ၊ ကျော်မင်း၊ အေးနိုင်၊ တင်ဝင်း၊ မောင်မောင် ဌေး၊ စိုးမြတ်မင်း၊ ရန်ပိုင်၊ အောင်မျိုး၊ မောင်မောင်မြင့်၊ မြင့်ကို၊ ထွန်းကျော်၊ မိုးကျော်၊ ကျော်မျိုးဟန်၊ ဌေးလွင်၊ ယဉ်မင်းအောင်တို့ ပါဝင်သော မြန်မာ့ဘောလုံး လက်ရွေးစင် ဟောင်းများဖြစ်သည့် ညွန့်ပေါင်း ဘောလုံးအသင်း (Old Star FC)တို့ယှဉ်ပြိုင်ကစားကြရာ ဂီတ အသင်း(Music FC)က ညွန့်ပေါင်း ဘောလုံးအသင်း (Old Star FC)အသင်းကို လေးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
ဇွန် ၁၇ ရက် မွန်းလွဲ ၃ နာရီ တွင် ယနေ့အနိုင်ရရှိခဲ့သည့် ရုပ်ရှင်အသင်း (Movie FC)နှင့် ဂီတအသင်း(Music FC) အသင်း တို့သည် ဗိုလ်လုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး Forever FC အသင်းနှင့် ညွန့်ပေါင်းဘောလုံးအသင်း(Old Star FC)တို့သည် တတိယနေရာ လုပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
ထို့ပြင် ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် အနုပညာရှင်များစွာ ပါဝင်သော တေးဂီတအစီအစဉ် များဖြင့် ဖျော်ဖြေသွားမည်ဖြစ်ပြီး ထိုနေ့တွင်ရရှိသည့် ဘောလုံးပွဲ ဝင်ကြေးရန်ပုံငွေများကို မိုခါ မုန်တိုင်း သဘာဝဘေးဒဏ်သင့် ဒေသ များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်