
တိုကျို ဇွန် ၁၆
တိုယိုတာကုမ္ပဏီကို ဂျပန်အစိုးရက ထောက်ပံ့ ကြေး အမေရိကန်ဒေါ်လာသန်း ၈၅၀ နီးပါး ထုတ်ပေးတော့မည် ဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် လျှပ်စစ်ကားဘက်ထရီ ကို အရှိန်တိုးမြှင့်ထုတ်လုပ်နိုင်တော့မည်ဟု ဂျပန်အစိုးရအရာရှိများက ပြောသည်။
တိုယိုတာကုမ္ပဏီသည် ၂၀၂၆ ခုနှစ် အရောက်တွင် နှစ်စဉ် လျှပ်စစ်ကားအစီးရေ ၁ ဒသမ ၅ သန်းကို ထုတ်လုပ်ပေးရန် အစီ အစဉ်ရှိသည်ဟု ကြေညာထားသည်။ အစိုးရ ၏ ထောက်ပံ့မှုကြောင့် ကုမ္ပဏီ၏ လက်ရှိ ထုတ်လုပ်နိုင်စွမ်းကို နှစ်ဆတိုးအောင် ပြုလုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။
ယခုထုတ်ပေးမည့် ထောက်ပံ့ကြေးဖြင့် ဂျပန်နိုင်ငံအတွင်း ထုတ်လုပ်နိုင်စွမ်းကို ဖူလုံစေမည်ဖြစ်သည်။ ဂျပန်နိုင်ငံအတွင်း လျှပ်စစ်ကားထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ခြင်းတို့အတွက် တိုယို တာကုမ္ပဏီသည် ဂျပန်အစိုးရ၏ ဘတ်ဂျက် ခွဲဝေချထားမှု အကြမ်းဖျင်းအားဖြင့် နှစ်ဘီလီ ယံဒေါ်လာရရှိမည်ဖြစ်သည်။ ဧပြီလအတွင်း ကလည်း ဟွန်ဒါ ကားကုမ္ပဏီနှင့် ဘက်ထရီ အဓိက ထုတ်လုပ်သည့် GS Yuasa တို့ ပူးတွဲ စက်ရုံတည်ဆောက်ရေးအတွက် ဒေါ်လာ တစ်ဘီလီယံထောက်ပံ့ပေးရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။ အင်န်အိတ်ချ်ကေ