ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ ရေကြောင်းလမ်းအသုံးပြု ဆက်သွယ်နိုင်မည့် အလားအလာများ ဆွေးနွေးခဲ့

 

ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ ရေကြောင်းလမ်းအသုံးပြု ဆက်သွယ်နိုင်မည့် အလားအလာများ ဆွေးနွေးခဲ့

 

နေပြည်တော်   ဇွန်   ၁၆


ဒုတိယဝန်ကြီးချုပ်နှင့်       စီမံကိန်း နှင့်          ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးဝင်းရှိန်  ဦးဆောင်၍            ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား   စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊      လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင် စု     ဝန်ကြီး      ဦးသောင်းဟန်နှင့် မြန်မာနိုင်ငံတော်        ဗဟိုဘဏ်           ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ ပါဝင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတအကြံပေးနှင့်  (၂၆)  ကြိမ် မြောက်  နိုင်ငံတကာစီးပွားရေး ဖိုရမ်    ကျင်းပရေးကော်မတီ၏     အမှု ဆောင်      အတွင်းရေးမှူးဖြစ်သူ မစ္စတာအန်တွန်ကိုဗျာကော့ဗ်၏ ဖိတ်ကြားချက်အရ    ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့ တွင် ဇွန် ၁၄  ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် (၂၆) ကြိမ်မြောက်  စိန့်ပီတာစဘတ်    နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့   တက်ရောက် လျက်ရှိသည်။

 


ဆွေးနွေး


ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပသည့်       ဖိုရမ်ပထမနေ့ တွင်        ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ကံဇော်နှင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ ပါဝင်သည့်  မြန်မာကိုယ်စားလှယ် အဖွဲ့သည်   ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၏   အရှေ့ဖျားဒေသ   ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီ   FESCO Transportation and Logistics ကုမ္ပဏီမှ          တာဝန်ရှိသူများနှင့် တွေ့ဆုံကာ     ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့်  ဗလာဒီဗော့ စတော့ခ်ဆိပ်ကမ်းမှ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့  ရေကြောင်းလမ်း အသုံးပြု     ဆက်သွယ်နိုင်မည့် အလားအလာများကို     ဆွေးနွေး ခဲ့ကြသည်။

 


ထို့နောက်  ဒုတိယဝန်ကြီးချုပ် နှင့်              ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော   မြန်မာကိုယ်စား လှယ်အဖွဲ့သည်  ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၏             သမ္မတအကြံပေး၊ ရော့စ်ကွန်ဂရက်   ဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌနှင့်       အမှုဆောင် အတွင်းရေးမှူးဖြစ်သူ    မစ္စတာ အန်တွန်ကိုဗျာကော့ဗ်နှင့် ရော့စ် ကွန်ဂရက်  ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ  အဖွဲ့မှ  ညွှန်ကြားရေးမှူး မစ္စတာ အလက်ဇန်းဒါး     ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ်နှင့်      ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံကာ     မြန်မာနိုင်ငံ တွင် ရေနံချက်စက်ရုံ၊ ဆိုလာစက်ရုံ နှင့်  စက္ကူပျော့ဖတ်စက်ရုံတည် ဆောက်ရေးနှင့် စက်သုံးဆီဝယ်ယူ ရေးဆိုင်ရာကိစ္စရပ်များ၊  နှစ်နိုင်ငံ အကြား   ကုန်သွယ်မှုနှင့်    ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး၊    ခရီးသွား ကဏ္ဍ၊   စိုက်ပျိုးရေးကဏ္ဍ၊   သတ္တု ကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊    ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ     ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြသည်။ 

 


ညနေပိုင်းတွင်        မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဥရောပ-  အာရှစီးပွားရေး ကော်မရှင်၊ မေခရို စီးပွားရေးနှင့်     ပေါင်းစည်းရေး ဝန်ကြီး မစ္စတာ ဆီးဂေးရီယူရီရယ် ဗိချ်ဂလာဇီးရပ်စ်က    တည်ခင်း ဧည့်ခံသည့်   အလုပ်သဘောညစာ စားပွဲသို့  တက်ရောက်၍   မြန်မာ နိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ  (Eurasian Economic Union - EAEU) အဖွဲ့ဝင်နိုင်ငံများ အကြား ကုန်သွယ်ရေး၊ စီးပွားရေး နှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက် ရေး၊ ပူးပေါင်းဆောင်ရွက်မှု အရှိန် အဟုန်မြှင့်   ဆောင်ရွက်ရေးနှင့် EAEU ၏ ဒေသတွင်းစီးပွားရေးပေါင်းစည်းဆောင်ရွက်မှုများအား လေ့လာရေးဆိုင်ရာ   ကိစ္စရပ်များ ကို အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ ကြသည်။

 


ဇွန် ၁၅ ရက်  နံနက်ပိုင်းက ကျင်းပသည့် ဖိုရမ်ဒုတိယနေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် On the Road to Recycling: From Waste to Resources ဆွေးနွေးမှုအစီအစဉ်သို့   ပါဝင် တက်ရောက်ခဲ့သည်။ 
ယင်းအစီအစဉ်တွင်    ရင်းနှီး မြှုပ်နှံမှုနှင့်         နိုင်ငံခြားစီးပွား ဆက်သွယ်ရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က    ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး       စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ   ပြုပြင် ပြောင်းလဲရေးကိစ္စရပ်များ၊ စွန့်ပစ် ပစ္စည်းမှ       အရင်းအမြစ်အဖြစ် ပြောင်းလဲရန်  အခြေခံအဆောက် အအုံ   လိုအပ်ချက်များ၊   မြန်မာ နိုင်ငံ၏    သဘာဝပတ်ဝန်းကျင် ဆိုင်ရာ      စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး       ဆောင်ရွက်မှုများ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ စွန့်ပစ်ပစ္စည်း   စီမံခန့်ခွဲမှု   မဟာ ဗျူဟာနှင့်   စီမံကိန်းများ၊   ရင်းနှီး မြှုပ်နှံမှုဥပဒေပါ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာကိစ္စရပ်များ၊ စိန်ခေါ် မှုများနှင့်              ရှေ့ဆက်လက် ဆောင်ရွက်မည့်  အစီအစဉ်များကို ဆွေးနွေးခဲ့သည်။

 


စာချွန်လွှာလက်မှတ်ရေးထိုး


ယင်းနောက် မြန်မာကိုယ်စား လှယ်အဖွဲ့သည်      မြန်မာနိုင်ငံ နှင့်   ဥရောပ-အာရှ စီးပွားရေး ကော်မရှင်တို့အကြား    ပူးပေါင်း ဆောင်ရွက်မှုစာချွန်လွှာ (Memo-randum   of  Cooperation) လက်မှတ်ရေးထိုးပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ကြပြီး ရင်းနှီး မြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွား ဆက်သွယ်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင်၊ မေခရို စီးပွားရေးနှင့်     ပေါင်းစည်းရေး ဝန်ကြီးတို့က    စာချွန်လွှာကို လက်မှတ်ရေးထိုး၍   (အောက်ပုံ) လဲလှယ်ခဲ့ကြသည်။

 


ထို့နောက်  မြန်မာကိုယ်စား လှယ်အဖွဲ့သည်   အီးအေအီးယူ-အာဆီယံ     စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ (EAEU-ASEAN Busi-ness Dialogue)    သို့  ပါဝင် တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အီးအေအီးယူနှင့်   အာဆီယံ အကြား    စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းများ နှင့်  ရည်မှန်းချက်များ၊  အခြေခံ အဆောက်အအုံ  ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊    ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စ ရပ်များနှင့် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု     အခွင့်အလမ်းများကို ပါဝင်ဆွေးနွေးခဲ့သည်။

 


မွန်းလွဲပိုင်းတွင်       မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်    ရုရှား  ဖက်ဒရေးရှင်းနိုင်ငံ၏    စီးပွား ရေး  ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး  မစ္စတာမာ့က်ခ်ဆင်ရယ် ရှယ်နီကို့ဗ်နှင့်  တွေ့ဆုံကာ ရုရှား-မြန်မာနှစ်နိုင်ငံအကြား    စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်    ရှေ့ဆက်လက် ပူးပေါင်း   ဆောင်ရွက်သွားမည့် ဦးစားပေးကဏ္ဍများကို    ရင်းနှီး ပွင့်လင်းစွာ    အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး တတိယအကြိမ် ရုရှား -  မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်    စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင် အစည်းအဝေးတွင်   ဆွေးနွေးခဲ့ သည့်ကိစ္စရပ်များ၏     ဖြစ်ပေါ် တိုးတက်မှု   အခြေအနေများနှင့် စတုတ္ထအကြိမ် ကော်မရှင်အစည်း အဝေးကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း တွင်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပရေးကိစ္စရပ်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ 

 


သွားရောက်လေ့လာ


ဆက်လက်၍      မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  ဖိုရမ်၏ Governor’s Lounge ရှိ Center-Inform JSC  သို့   သွားရောက် လေ့လာခဲ့ပြီး    သတင်းအချက် အလက်ဝန်ဆောင်မှု   လုပ်ငန်း၊ သတင်းအချက် အလက်ဝန်ဆောင် မှုနှင့်   သတင်းအချက်အလက် လုံခြုံရေးလုပ်ငန်းများ၊   မြန်မာ နိုင်ငံတွင်  လုပ်ငန်းလုပ်ကိုင်နိုင် မည့်အခွင့်အလမ်းများနှင့် လုပ်ထုံး လုပ်နည်းများ၊     မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ  တင်သွင်းရေး ကိစ္စများနှင့်စပ်လျဉ်း၍  ဆွေးနွေး ခဲ့ကြသည်။                

သတင်းစဉ်