နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအတွက် အလှူငွေများပေးအပ်

 

နေပြည်တော်   ဇွန်    ၁၆
ရခိုင်ပြည်နယ်အတွင်း     မိုခါ မုန်တိုင်း    တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများအတွက် သာသနာရေးနှင့်     ယဉ်ကျေးမှု ဝန်ကြီးဌာန၏     စီစဉ်မှုဖြင့် အလှူရှင်များ       လှူဒါန်းသည့် အလှူငွေများ      ပေးအပ်ပွဲကို ယနေ့  နံနက်ပိုင်းတွင်    ရခိုင် ပြည်နယ်  စစ်တွေမြို့ လောကာ နန္ဒာစေတီတော် လိုဏ်ဂူအတွင်း၌ ကျင်းပပြုလုပ်ရာ    ပြည်နယ် ဩဝါဒါစရိယ စစ်တွေမြို့  နန္ဒရာမ ပရိယတ္တိစာသင်တိုက်၏   ပဓာန နာယကဆရာတော်   အဂ္ဂမဟာ ပဏ္ဍိတ၊   အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တနန္ဒသီရိ အမှူးပြုသော သံဃာတော်အရှင် သူမြတ်များ ကြွရောက်တော်မူကြ ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်    ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်   အဖွဲ့ဝင်များ၊ စေတနာရှင်     အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ 
ဆက်ကပ်လှူဒါန်း
ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်   တက်ရောက် လာကြသူများက နန္ဒရာမပရိယတ္တိ စာသင်တိုက်၏   ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး    လှူဖွယ် ဝတ္ထုပစ္စည်းများ     ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံက ရခိုင်ပြည်နယ် အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှု ကြောင့်      ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းများနှင့် ဘုန်းတော်ကြီးသင်    ပညာရေး ကျောင်းများအတွက် အလှူတော် ငွေကျပ် သိန်း ၁၀၆၀ ကို ပေးအပ် လှူဒါန်းရာ       ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက လက်ခံ ရယူသည်။ (ဝဲပုံ)
အနုမောဒနာတရားနာယူ
ယင်းနောက် မြို့နယ်ဩဝါဒါ စရိယ စစ်တွေမြို့ တပ်ဦးဆုတောင်း ပြည့်      ပရိယတ္တိစာသင်တိုက် ပဓာနနာယက     မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတဆရာတော် ဘဒ္ဒန္တဉာဏာ ဝံသထံမှ    လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေး ဝေကာ အနုမောဒနာတရားနာယူ ခဲ့ကြပြီး  ဗုဒ္ဓသာသနံ   စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို    ဆုတောင်းကာ အခမ်းအနားကို   ရုပ်သိမ်းလိုက် သည်။
ယနေ့      လှူဒါန်းသည့် အလှူတော်ငွေကျပ်    ၁၀၆၀   သိန်းကို    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်    ပေါင်း လောင်းလေးကျေးရွာ     ရွာဦး ကျောင်းဆရာတော်    သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဝိဇ္ဇောဘာသာလင်္ကာရာ ဘိဝံသ က အလှူငွေကျပ်သိန်း  ၂၀ ကို လည်းကောင်း၊   ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့မှ ဦးဝေချင်းဟိုင်မိသားစု Hanley Group က အလှူတော်ငွေကျပ် သိန်း ၁၀၀၀  ကိုလည်းကောင်း၊ ဦးစည်သူဝင်းမိသားစု Guardian Academy Private School  က အလှူတော်ငွေကျပ်သိန်း ၄၀   ကို လည်းကောင်း အသီးသီးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။                      သတင်းစဉ်