
နေပြည်တော် ဇွန် ၁၆
သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး နိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များ သည် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာ ဒေသများတွင် အင်တိုက်အားတိုက် ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိ ရာ ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ၍ ငတောက်တတ်ကျေးရွာနှင့် ရေချမ်းပြင်ကျေးရွာ၌ လမ်းဘေး ဝဲ/ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် နယ်လှည့်ဆေးကုသရေး အဖွဲ့များနှင့် ပူးပေါင်း၍ ငပွန်းချေ ကျေးရွာနှင့် ဆက်အိုးကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးလျက်ရှိ သည်။
ရှင်းလင်းဆောင်ရွက်
အလားတူ ဘူးသီးတောင်မြို့ သို့ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် လက်ဝဲဒက်ကျေးရွာ၌ လမ်းဘေး ဝဲ/ယာရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ၄ မိုင်ရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးလျက်ရှိ သည်။
ကျန်းမာရေးစောင့်ရှောက်
အလားတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍ သာသနာ့ဗိမာန် ကျောင်း၌ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ သတင်းစဉ်