စနေဂြိုဟ်၏လပေါ်မှ ရေ၌ သက်ရှိများအသက်ရှင်သန်ရန် လိုအပ်သည့် ဖော့စဖရတ်ဓာတ် ပါဝင်ကြောင်းတွေ့ရှိ

 

နာဆာ   ဇွန်    ၁၅ 
စနေဂြိုဟ်၏လပေါ်မှ  တွေ့ရှိရသောရေနမူနာတွင်သက်ရှိများအတွက်     လိုအပ်သည့်ဖော့စဖရတ် ဓာတ်ပါဝင်ကြောင်း သိပ္ပံပညာရှင်များကပြောသည်။ 
အန်ဆဲလက်ဒက်စ် ဟုခေါ်သည့်လသည် အချင်း ၅၀၀ ကီလိုမီတာရှိပြီး စနေဂြိုဟ်ကို လှည့်ပတ်လျက်ရှိ ပြီး နေအဖွဲ့အစည်းတွင်  ဒုတိယအကြီးဆုံးဂြိုဟ်ဖြစ် သည်။ အော်ဂဲနစ်ဒြပ်ပေါင်းများ  ပါဝင်သည့်ရေကို ယခင်ကလည်း အန်ဆဲလက်ဒက်စ်၏မျက်နှာပြင်တွင်  တွေ့ရှိခဲ့ပြီး    ထိုစဉ်က    မည်သည့်ဓာတ်ပေါင်းများ ပါဝင်သည်ကို   မသိခဲ့ရပေ။    ဂျပန်၊   အမေရိကန်နှင့် ဥရောပမှ      သုတေသနပညာရှင်များပါဝင်သည့် အပြည်ပြည်ဆိုင်ရာအသင်းသည်   ၂၀၁၇  ခုနှစ်က စတင်လုပ်ဆောင်ခဲ့သည့်   ကာစီနီအာကာသယာဉ် ထံမှ   စုဆောင်းရရှိသည့်    အချက်အလက်များကို အသုံးပြုခဲ့သည်။    
အန်ဆဲလက်ဒက်စ်ပေါ်ရှိ သမုဒ္ဒရာမှ အာကာသ ဆီသို့ စိမ့်ထွက်လာသည့်ရေများကို  စစ်ဆေးခဲ့ကြ ခြင်းဖြစ်သည်။ ယင်းသို့စစ်ဆေးမှုအရ အဆိုပါရေတွင် ဖော့စဖရတ်ပါဝင်မှုမှာ ကမ္ဘာ့သမုဒ္ဒရာများတွင် ပါဝင် သည့် ဖော့စဖရတ်ထက်ပို၍    ပမာဏများကြောင်း   တွေ့ရှိရသည်။   
အန်ဆဲလက်ဒက်စ်ပေါ်မှ   ရေတွင်  ဖော့စဖရတ် ပါဝင်မှု     တွေ့ရှိရခြင်းသည်     အဆိုပါဂြိုဟ်ပေါ်တွင်    သက်ရှိများရှိနေနိုင်သည့်  သက်သေဟု   သုတေသန အဖွဲ့က ပြောသည်။                      အင်န်အိတ်ချ်ကေ