ရေခဲတောင်များ ဝန်းရံနေသည့် မြန်မာပြည်မြောက်ဖျားမြို့

 

ယဉ်လာဒ် 
 

မြန်မာပြည်မြောက်ဖျားက ပူတာအိုမြို့ကို ရေခဲတောင်တွေ ဝန်းရံနေတဲ့မြို့လို့ တင်စားရမှာပါ။ ကချင်ပြည်နယ် ပူတာအိုမြို့မှာ ရေခဲတောင်တွေကို များစွာမြင်တွေ့ရနိုင်ပြီး ဖုန်ကန်၊ ဖုန်ရင်၊ ဖုန်ဂရန်မှသည် ခါကာဘိုရာဇီအထိ ရေခဲတောင်များစွာ ရှိကြပါတယ်။ အလွယ်ကူဆုံး တက်ရောက်နိုင်တဲ့ ရေခဲတောင်ခရီးစဉ်ကတော့ ဖုန်ကန်ရာဇီ ရေခဲတောင်ခရီးစဉ် ဖြစ်ပါတယ်။ 
ဖုန်ကန်ရာဇီ
ဖုန်ကန်ရာဇီဟာ ပြည်တွင်းခရီးသွားတွေ လတ်တလော  အများဆုံး တက်ရောက်ကြတဲ့ ရေခဲတောင်   ဖြစ်ပါတယ်။    ရေခဲတောင်တက် အတွေ့အကြုံမရှိတဲ့သူများဟာ  အရင်ဆုံး ဒီရေခဲတောင်ကို တက်ရောက် နိုင်ပြီး မိမိရဲ့ တောင်တက်သက်လုံအပေါ်မူတည်ပြီး ဖုန်ရင်၊ ဖုန်ဂရန် စတဲ့ တောင်တွေကို ထပ်မံတက်ရောက်နိုင်ပါတယ်။  ဖုန်ကန်ရာဇီတောင် ရဲ့    အမြင့်ဟာ  ပေ ၁၁၉၀၀ ကျော်ရှိပြီး     ကချင်ပြည်နယ်မြောက်ပိုင်း မချမ်းဘော၊ ပူတာအိုနဲ့     နောင်မွန်းမြို့နယ်အတွင်းမှာ   တည်ရှိတဲ့  ရေခဲတောင်   ဖြစ်ပါတယ်။ ဖုန်ကန်ရာဇီကို  တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောတစ်ခုအနေနဲ့လည်း ​ခေါ်ဆိုပါသေးတယ်။   ငှက်မျိုးစိတ် ၃၇၀၊ လိပ်ပြာမျိုးစိတ် ၃၆၀၊ ကုန်းနေရေနေနဲ့   တွားသွားသတ္တဝါ    ၈၂ မျိုး ရှိတယ်လို့ မှတ်သားရပါတယ်။ ထင်းရှူးနဲ့ တောင်ဇလပ်တွေ၊ သက်တမ်း ရင့် သစ်ပင်ကြီးတွေ များပြားတဲ့နေရာလည်း ဖြစ်ပါတယ်။
ပူတာအိုက ရေခဲတောင်ခရီးစဉ်တွေကို  နိုဝင်ဘာလကနေ ဧပြီလ အတွင်း တက်ရောက်နိုင်ကြပေမယ့် ရေခဲတောင်တက်ဖို့  အကောင်းဆုံး အချိန်ကတော့ မတ်၊  ဧပြီနဲ့   မေလ ပထမပတ်အထိပါပဲ။ အခုဆိုရင် ရန်ကုန်ကနေ ပူတာအိုအထိ    လေယာဉ်တိုက်ရိုက်ရောက်နေပြီမို့ လေယာဉ်ခရီးစဉ်က အကောင်းဆုံးခရီးစဉ်   ဖြစ်ပါတယ်။ နောက်တစ်မျိုး အနေနဲ့ ရန်ကုန်ကနေ မြစ်ကြီးနား ကို ကားနဲ့သွားလို့ရပြီး မြစ်ကြီးနား ကနေပူတာအိုကို   လေယာဉ်နဲ့ဖြစ်စေ၊     ကားသေးတွေနဲ့ဖြစ်စေ   သွားလို့ ရတာကြောင့် လမ်းပန်းဆက်သွယ် ရေးက အဆင်ပြေပါတယ်။
“ပူတာအိုမြို့လေးကို မြစ်ကြီး နားကနေ ကားနဲ့လာတဲ့ ခရီးသွား တွေ အရင်က  များပြားခဲ့ပါတယ်။ ကားလမ်းကလည်း    သာတယ် လေ။    ဒါပေမယ့်   ကားလမ်းနဲ့ သွားတဲ့အခါမှာ     မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်းမှာ    ဝင်ကြေး ကောက်တဲ့   စစ်ဆေးရေးဂိတ် အရင်ကရှိလို့   ပြည်တွင်းခရီးသွား တွေ    ပူတာအိုကိုလာတဲ့    အရှိန် လေး တန့်သွားခဲ့တယ်။ အခုတော့ အဲဒီဂိတ်ကမရှိတော့ဘူးလို့တော့ သိရပါတယ်။ ပူတာအိုမြို့ ခရီးသွား လုပ်ငန်းတိုးတက်ဖို့ကို     ပြည်နယ် အစိုးရနဲ့ ဟိုတယ်ခရီးက  အားစိုက်ကူညီပေးနေကြပါတယ်”လို့  ပူတာအို မြို့ ထွေ /အုပ်ရုံးမှ  တာဝန်ရှိသူတစ်ဦးက စာရေးသူကို ပြောပါတယ်။
ရေခဲတောင်ခြေမှ နောက်ဆုံးရွာ ဇီယာဒမ်း
ပူတာအိုလို့ဆိုတာနဲ့   ရေခဲတောင်ခြေက      နောက်ဆုံးရွာလေး ဇီယာဒမ်းကိုလည်း မေ့ထားလို့မရပါဘူး။ နောက်ဆုံးတောင်ခြေရွာလို့ ဆိုရတာက ဒီရွာကနေ ရေခဲတောင်အားလုံးဆီကို   တက်တဲ့လမ်းတွေ အသီးသီး   ခွဲသွားရတဲ့ နောက်ဆုံးရွာလေး ဖြစ်နေရခြင်းကြောင့်ပါ။ ဇီယာဒမ်းရွာလေးကတော့ အခြားရွာတွေထက်    ရေခဲတောင်တွေနဲ့ အနီးဆုံးမို့ ရာသီဥတုကြည်လင်တဲ့အခါ ရေခဲတောင်တွေကို မြင်တွေ့ ရပါတယ်။ ခရီးသွားခေတ်ကောင်းစဉ်     အချိန်ကာလတုန်းကတော့ နိုင်ငံခြားသားတွေနဲ့     အမြဲပြည့်နေတတ်တဲ့    ရွာလေးတစ်ရွာပါ။ အရင်ကဆို ဇီယာဒမ်းရောက်ဖို့ သုံးညအိပ်လောက် သွားကြရပေမယ့် အခုဆိုရင် ပူတာအိုကနေ ဇီယာဒမ်းအထိ    ကားလမ်းတောက်လျှောက် ပေါက်နေပါပြီ။ 
ပူတာအိုမြို့လေးဟာ သဘာဝက   ပေးထားတဲ့ ရေခဲတောင်တန်း တွေရှိတာကြောင့်    ရေခဲတောင်ကနေရရှိတဲ့     သဘာဝဆေးဖက်ဝင် ပစ္စည်းတွေလည်း များစွာထွက်ရှိပါတယ်။ တန်ဖိုးကြီးမားတဲ့ ရှီးပတီး၊ မချစ်ဥ ၊ဂျင်ဆင်း၊ ခန်းတောက်မြစ် ၊ ကျောက်ဆောင်ပျားရည် တို့ကို ရရှိနိုင်ပြီး ဒေသထွက်အသီးအနှံဖြစ်တဲ့ ဂရိတ်ဖရုသီး၊ ချဉ်စော်ခါးသီး စတဲ့ ဆေးဖက်ဝင် ဒေသထွက်ကုန်အများအပြား    ထွက်ရှိရာဒေသ လည်းဖြစ်ပါတယ်။ ရေခဲတောင်တက် လမ်းပြအများစုဟာ  တောထဲမှာ ဆေးမြစ်တူးဖော်ရှာဖွေကြတဲ့    ဒေသခံအများစုပါ။    ခရီးသွားရာသီ မရောက်ခင်မှာ အခုလိုရေခဲတောင်တွေမှာ ရှီးပတီး၊   ဂျင်ဆင်းမြစ် တွေကို ရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ ပူတာအို ရဲ့  ရေခဲတောင်ခရီးစဉ်တွေသာ   ဖွံ့ဖြိုးတိုးတက်လာရင်    ဒေသရဲ့ ခရီးသွားလုပ်ငန်းက ပိုဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ 
လက်ရှိကာလတွေမှာတော့    ပြည်တွင်းခရီးသွား    တော်တော် များများက ပူတာအိုဘက်ကို  လာရောက်လည်ပတ်ကြတာ များပြား လာတာမို့ ပူတာအိုရဲ့ အနာဂတ်ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန် နဲ့ တောက်ပလာတော့မှာ ဖြစ်ပါတယ်။ 
“တိုင်းရင်းသားလူမျိုးတွေရဲ့  ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ နဲ့ ရိုးရာအစားအစာတွေကလည်း ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင် စားဖွယ် ဆွဲဆောင်နိုင်ပါတယ်။ အဲဒါကြောင့် ရှိပြီးသား   စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုအရာတွေကို  နေရာဒေသအလိုက်  အမိအရ ဖမ်းဆုပ်နိုင်ဖို့လိုအပ်ပါတယ်”လို့   အမျိုးသား ခရီးသွားလုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ   အစည်းအဝေး (၁/၂၀၂၂)မှာ         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး        စိုးဝင်းက   ပြောကြားထားပါသေးတယ်။
ဒါ့ပြင်  ကိုဗစ်အလွန်  ခရီးသွား လုပ်ငန်းရဲ့      အလားအလာကို  လေ့လာကြည့်ရင်        ယခင်   နိုင်ငံတကာခရီးသွားအများစုဟာ  လူနေထူထပ်တဲ့        မြို့ကြီးပြကြီး များကိုသာ     သွားလာလည်ပတ် ခြင်း၊     ဈေးဝယ်ထွက်ခြင်းတို့ ရွေးချယ်မှု         များပြားခဲ့ကြပါ တယ်။ ကိုဗစ်အလွန်မှာ ခရီးသွား အများစုဟာ    လူနေနည်းပါးပြီး သဘာဝနဲ့နီးစပ်တဲ့         နေရာတွေ၊ လေကောင်းလေသန့်ရပြီး  ရှုခင်း ကောင်းတဲ့   ကျေးလက်ဒေသတွေ ကို    ပိုမိုနှစ်သက်လာကြတယ်လို့ စစ်တမ်းကောက်ရတဲ့       အခြေအနေကနေ      သိရကြောင်းလည်း   ပြောကြားခဲ့ပါသေးတယ်။
“လက်ရှိမှာတော့ ပူတာအိုမြို့ပေါ်မှာ    ဟိုတယ်ခရီး      လိုင်စင်ရယူ ထားတဲ့  ဟိုတယ်ငါးလုံးနဲ့     တည်းခိုရိပ်သာသုံးလုံးရှိပြီး       စည်ပင်လိုင်စင်    ရယူထားတဲ့   တည်းခိုခန်းတွေလည်း ရှိပါတယ်။  


အသစ်ဆောက်လုပ်နေတဲ့   ဟိုတယ်တွေလည်းရှိပြီး    တင်ပြထားဆဲ    ဟိုတယ်တွေလည်း   ရှိနေပါတယ်”လို့     ကချင်ပြည်နယ်(ပူတာအို)  ဟိုတယ်ခရီးဌာနမှ တာဝန်ခံထံက  သိရပါတယ်။
ဒါ့အပြင် ပူတာအိုမှာ ခရီးသွားတွေ    ရက်ကြာကြာနေနိုင်အောင် မလိခမြစ်ကြောင်းတစ်လျှောက်   ဖောင်စီးလို့ရတဲ့ Activity ကိုလည်း သိပ်မကြာသေးခင်က   ဒေသခံ     ခန္တီးရှမ်းတိုင်းရင်းသားတစ်ဦးက ဖော်ဆောင်ခဲ့ပါသေးတယ်။  ပူတာအိုဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျှောက်  အပျော်စီး ခရီးစဉ်တွေကို ဖော်ဆောင်ဖို့ ဒေသခံ တချို့က ပြင်ဆင်နေခဲ့တာပါ။  ရှမ်းကျေးရွာတစ်ခု ဖြစ်တဲ့ မုဒုံရွာကနေ ကောင်းမှုလုံဘုရားအထိ မြစ်ကြောင်းတစ်လျှောက် ဖောင်စီးနိုင်အောင် စီစဉ်ထားပေမယ့်  လက်ရှိမှာတော့  အကောင်အထည် မဖော်နိုင်သေးပါဘူး။ 
“မြစ်တွင်းတစ်လျှောက်လှပတဲ့ မြင်ကွင်းတွေကို ကြည့်ရှုခံစား နိုင်မယ်။ တိုင်းရင်းသားတွေရဲ့ လူနေမှုဘဝတွေကို  လေ့လာနိုင်မယ်။ အဲဒီလိုလုပ်ဖို့    ကျွန်တော်တို့ ကြိုးစားတယ်။ ဒီဘက်ဒေသက လူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အများကြီး ဖော်ဆောင်ပေးချင် ပါတယ်” လို့ အဲဒီဒေသခံ    ခန္တီးရှမ်းတိုင်းရင်းသားတစ်ဦးက ပြောပါ တယ်။
သဘာဝတရားကနေပေးထားတဲ့ အဖိုးထိုက်တန်တဲ့  မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ရေခဲတောင်တန်းတွေရှိရာ     ပူတာအိုမြို့လေး။ ခရီးသွားလုပ်ငန်းကနေ ဒေါ်လာများစွာ    ရှာဖွေပေးနိုင်မယ့်မြို့လေး။  နှင်းတွေ၊ ရေခဲပြင်တွေနဲ့ ပနံသင့်ပြီး တခြားနိုင်ငံတွေထက် မလျော့တဲ့ အလှတရားကို ကချင်ပြည်နယ်   ပူတာအိုမြို့မှာ    တွေ့နိုင်ပါတယ်။  ဒါကြောင့်မို့ ကချင်ပြည်နယ်ရဲ့   တစ်ခုတည်းသော ရေခဲတောင်တန်းတွေ ဝန်းရံထားတဲ့ မြန်မာပြည်မြောက်ဖျား​က ပူတာအိုမြို့လေးကို  အလည် တစ်ခေါက်သွားရောက်နိုင်စေဖို့         ရေးသားတိုက်တွန်းလိုက်ရပါ တယ်။     ။