ကိုလံဘီယာ၌ လေယာဉ်ပျက်ကျပြီး ရက်ပေါင်း ၄၀ ခန့်အကြာတွင် ပျောက်ဆုံးကလေးငယ် လေးဦး အသက်ရှင်လျက်ပြန်တွေ့

 

ဘိုဂိုတာ  ဇွန်  ၁၀
ပြီးခဲ့သည့်လက ကိုလံဘီယာနိုင်ငံ အမေဇုန်တောထဲ ၌  ပျက်ကျခဲ့သည့် လေယာဉ်ငယ်တစ်စင်းပေါ်တွင် လိုက်ပါလာသော   ကလေးငယ်   လေးဦးကို    ရက် ပေါင်း  ၄၀   ခန့်အကြာတွင်   အသက်ရှင်လျက် ပြန်လည်တွေ့ရှိကြောင်း နိုင်ငံတကာသတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ 
ရှာဖွေရေးလုပ်ဆောင်နေသော   ကိုလံဘီယာ တပ်ဖွဲ့ဝင်များသည် အသက် ၁၃ နှစ်အရွယ်၊  ကိုးနှစ် အရွယ်၊   လေးနှစ်အရွယ်နှင့်    တစ်နှစ်အရွယ် ကလေးငယ်များကို ဇွန် ၉ ရက်က ကယ်တင်နိုင်ခဲ့ ကြောင်း သိရသည်။ အဆိုပါ လေယာဉ်ငယ်သည် ကိုလံဘီယာနိုင်ငံတောင်ပိုင်း၌ မေ ၁ ရက်က ပျက်ကျ ခဲ့ခြင်း ဖြစ်သည်။ 
ကလေးငယ်၏  မိခင်၊ လေယာဉ်မှူးအပါအဝင် လေယာဉ်ပေါ်ပါ အရွယ်ရောက်သူ သုံးဦးကို သေဆုံး လျက်ရှိ  တွေ့ရှိသည်ဟု ဆိုသည်။ 
ကလေးငယ်များ သည် လက်ရှိတွင် ဆေးရုံတစ်ရုံ ၌    ဆေးကုသမှု   ခံယူလျက်ရှိကြောင်းနှင့်  ဒေသ မီဒီယာများ၏ ဖော်ပြချက်အရ ရေဓာတ်ခန်းခြောက် ခြင်းနှင့် အင်းဆက်ပိုးမွှားများ ကိုက်ခံထားရသော် လည်း ၎င်းတို့ထဲမှ  တစ်ဦးတစ်ယောက်မျှ အသက် အန္တရာယ်ရှိသော  အခြေအနေတွင်   မရှိကြောင်း သိရသည်။ 
ကိုလံဘီယာသမ္မတ      ဂူစတာဗိုပက်ထရိုက အဆိုပါ  ကလေးငယ်များ အသက်ရှင်လွတ်မြောက်မှု က    နိုင်ငံတစ်ဝန်းလုံးအတွက်  ပျော်ရွှင်ဝမ်းသာစရာ ဖြစ်သည်ဟု ပြောသည်။                                                                       
အင်န်အိတ်ချ်ကေ