
CDM (Civil Disobedience Movement) တွင် လူအများစုပါဝင်စေရန်အလို့ငှာ လူမှုကွန်ရက်ကို လွဲမှားစွာ အသုံးချခြင်းဖြင့် လည်းကောင်း၊ နောက်ကွယ်မှ တစ်ခဏတာ ထောက်ပံ့ကူညီခြင်း ဖြင့်လည်းကောင်း မက်လုံးအမျိုးမျိုးပေး၍ သွေးထိုး လှုံ့ဆော်တွန်းအားပေး ဆောင်ရွက်နေကြသည်ကို တွေ့ရှိနေရသည်။
ထို့ကြောင့် CDM လှုပ်ရှားမှုနှင့်စပ်လျဉ်းသည့် ပြည်သူအချို့၏ အမြင်များကို တွေ့ဆုံမေးမြန်း စုစည်းဖော်ပြလိုက်ပါသည်။
“CDM လုပ်တဲ့ဝန်ထမ်းတွေကို စာအိတ်တွေ ထဲမှာ ပိုက်ဆံတွေထည့်ပြီး ထောက်ပံ့ ပေးနေတယ်။ CDM မလုပ်တဲ့သူတွေကိုလည်း ဆန်နဲ့ ဆီတွေ ထောက်ပံ့ပေးပြီး စည်းရုံးနေတာ တွေ့ရတယ်။ လစဉ်ထောက်ပံ့မယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ စည်းရုံး ကြတာတွေ့ရတယ်။ ဒါပေမယ့် ထောက်ပံ့သူတွေက ဘယ်သူတွေဆိုတာမသိရဘူး။ မေးကြည့်တဲ့အခါ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်မှာပါတဲ့ လိပ်စာတွေကို CDM မှာ ပါဝင်နေတဲ့ ဝန်ထမ်း ဘယ်သူဖြစ်ကြောင်း၊ ဝန်ထမ်းမဟုတ်ရင်လည်း CDM လုပ်နေတဲ့ ဦး ဘယ်သူ၊ ဒေါ် ဘယ်သူဖြစ် ကြောင်း မက်ဆေ့ချ်ကနေတစ်ဆင့် သတင်းပို့ပေးရ တယ်လို့ အကြမ်းဖျင်း ပြောနေကြတယ်။
CDM တွေကို ဆန့်ကျင်တယ်
“ဒီလုပ်ရပ်ဟာ ဘယ်လိုသဘောကို ဆောင် သလဲ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတော်ရဲ့ ယန္တရားရပ်တန့်သွားမယ်ဆိုတဲ့ လွဲမှားတဲ့ အယူ အဆကြောင့် ဖြစ်ပါတယ်။ အဲဒီလို နောက်ကွယ် က အားပေးကူညီထောက်ပံ့ခြင်းတွေဟာ လက်ရှိ တည်ဆဲဥပဒေတွေနဲ့ ညီညွတ်ပါရဲ့လားလို့ မေးချင် တယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း အမြန်ဆုံး ဖြစ်သွားစေချင်တယ်။ CDM အကြမ်းဖက်လှုပ်ရှားမှု တွေကို ဆန့်ကျင်တယ်။ ဝန်ထမ်းဘဝနဲ့ တည်ဆောက် နေရတဲ့ မိသားစုအတွက် ရေရှည်အကျိုးကိုမျှော်တွေး ပြီး CDM မှာ မပါဝင်ဘူး။ ကျွန်တော် ရုံးတက်နေ ပါတယ်” ဟု CDM တွင် မပါဝင်သည့် ဒုတိယ ဦးစီးမှူးအဆင့်ရှိသူ ကိုထွန်းထွန်း(အမည်လွှဲ) က ပြောသည်။
ဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်တဲ့လုပ်ရပ်
“CDM မှာ မပါဝင်တဲ့သူတွေကို အင်တာနက်စာ မျက်နှာတွေမှာ Social Bullying လုပ်ဖို့လှုံ့ဆော်တာ တွေ၊ ဆဲဆိုတာတွေကို လုံးဝမလုပ်စေချင်ပါဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီမိုကရေစီစနစ်အရ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ် ဆိုပေမယ့် ခံယူချက်ယုံကြည်ချက်မတူလို့ဆိုပြီး သူတစ်ပါးရဲ့ ကိုယ့်ကျင့်တရားကို စော်ကားတဲ့ လုပ်ရပ်တွေကို ရှုတ်ချတယ်၊ ဆန့်ကျင်တယ်။ CDM လုပ်သူအချို့က CDM မှာမပါဝင်ဘဲ ရုံးတက်တဲ့ သူတွေကို ပေါ်ပေါ်တင်တင်စော်ကားပြစ်တင်ပြောဆိုတာတွေတွေ့ရတယ်။ CDM မှာ မပါဝင်တဲ့ နိုင်ငံ့ ဝန်ထမ်းတွေရဲ့ သည်းခံနိုင်မှု အတိုင်းအတာကို လည်း ချီးကျူးရမှာဖြစ်တယ်။ ဒီလို လုပ်ရပ်တွေဟာ ဒီမိုကရေစီစနစ်ကို လိုက်နာကျင့်သုံးနေတာ မဟုတ် ပါဘူး။ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်တဲ့လုပ်ရပ်တွေ သာဖြစ်တယ်။ လူမှုကွန်ရက်မှာ စော်ကားခံရတဲ့ သူတွေက အမှန်တရားအတွက် တရားစွဲခဲ့ရင် အခက်အခဲမဖြစ်ပေဘူးလား။
“တစ်ဖက်စွန်းရောက်သူတွေက ဘာပဲဖြစ်ဖြစ် ဆိုပြီး လူဆိုးလူမိုက်အတွေးတွေနဲ့ CDM မှာ ပါဝင် လှုပ်ရှားနေကြတာ အကြောင်းမဟုတ်ပေမယ့် အမှန်တကယ် ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှုလုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေက CDM လုပ်ကြမှာ မဟုတ်ဘူးဆိုတာ ယုံကြည်တယ်။ လူကောင်းသူကောင်းနဲ့ပေါင်းဖော်မှ လူကောင်းသူ ကောင်းဖြစ်မယ်။ လူဆိုးလူမိုက်နဲ့ပေါင်းဖော်ရင် လူဆိုးလူမိုက်ပဲ ဖြစ်သွားမယ်။ ငယ်စဉ် ကျောင်း တက်တုန်းက သင်ကြားခဲ့ရတဲ့ ကျေးညီနောင်ဥပမာ သင်ခန်းစာလိုပဲပေါ့။ ဒါကြောင့် လူမှုကွန်ရက်တွေမှာ သူတစ်ပါးအခွင့်အရေးကို စော်ကားတဲ့အကြောင်း အရာတွေ မတင်စေချင်ဘူး။ ဘ၀ရှေ့ရေးကို မျှော်တွေး ခြင်းမရှိတဲ့သူတွေရဲ့ လုပ်ရပ်တွေကို အတုမြင် အတတ်သင်မလုပ်စေချင်ဘူး” ဟု ဖေ့စ်ဘွတ်လူမှု ကွန်ရက်စာမျက်နှာအသုံးပြုသူ မမို့မို့ (အမည်လွှဲ) က သူမ၏ ယုံကြည်ချက်ကို ပြောပြသည်။
ယခု CDM လှုပ်ရှားမှုများအား ယခင် ၁၉၈၈ ခုနှစ် အရေးအခင်းတွင် တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်သင်ခန်း စာများနှင့် နှိုင်းယှဉ်၍ ငြိမ်းချမ်းစွာ ရုံးတက်စေလိုကြ သည့် အငြိမ်းစားဝန်ထမ်းများလည်း ရှိနေသေး သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေး
“အခု CDM လှုပ်ရှားမှုတွေကို ၁၉၈၈ အရေး အခင်းနဲ့ နှိုင်းယှဉ်ပြီး ပြောချင်တယ်။ အခု CDM လှုပ်ရှားမှုတွေက ၁၉၈၈ ခုနှစ်တုန်းကလို ပြင်းထန်မှု မရှိသလို တစ်ဖက်ကလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းတာ မတွေ့ရဘူး။ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ အကြမ်းဖက်မှုတွေ လုပ်ဆောင်လာပြီဆိုရင်တော့ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးအတွက် လုပ်ဆောင်သင့်တာတွေကိုလုပ်ဆောင် ကြရမှာဖြစ်တယ်။ သွေးထိုးလှုံ့ဆော် စည်းရုံးတာ တွေနဲ့ သဘောထားဆန္ဒ မတူညီတဲ့သူတွေကို အန္တရာယ်ပြုချင်တဲ့အပြုအမူတွေကို ရှောင်ရှားကြ စေချင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုရင် ကျွန်တော် အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့အတွက် ၁၉၈၈ အရေးအခင်းကိုကောင်းကောင်းကြီးမီခဲ့တယ်။ အဲဒီ အရေးအခင်းရဲ့ မြင်ကွင်းစုံတွေကနေ သင်ခန်းစာတွေ ကောင်းကောင်းကြီးရခဲ့တယ်” ဟု ဝန်ကြီးဌာနတစ်ခု မှ အငြိမ်းစားဝန်ထမ်း ဦးကျော်စွာ (အမည်လွှဲ) က ပြောပြသည်။
ပုံမှန်ပဲ ရုံးတက်စေချင်တယ်
“ကျွန်တော့်ဇနီးက နေပြည်တော်က ဝန်ထမ်း တစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်ဇနီး ရုံးတက်ဖို့ ရုံးကို ဆိုင်ကယ်နဲ့ ကိုယ်တိုင်မောင်းပြီးလိုက်ပို့ပါတယ်။ လမ်းမှာ CDM လှုပ်ရှားသူ အချို့က ဆိုင်ကယ်ကိုတား ပြီး ဘယ်သွားမလို့လဲလို့မေးတဲ့အခါ ကျွန်တော်က အငြိမ်းစားဝန်ထမ်းဖြစ်တဲ့အကြောင်း၊ ဇနီးသည်က လက်ရှိဝန်ထမ်းဖြစ်တဲ့အကြောင်း ယဉ်ကျေးစွာ ပြောပြလိုက်ပါတယ်။ ဒါပေမယ့် CDM လှုပ်ရှားသူ တွေက အငြိမ်းစားပဲဖြစ်ဖြစ်၊ လက်ရှိ ဝန်ထမ်းပဲ ဖြစ်ဖြစ် CDM မှာ ပါဝင်စေချင်တယ်လို့ စည်းရုံးပါ တယ်။ CDM မှာ မပါဝင်နိုင် ကြောင်းပြောဆိုတောင်းပန် ပြီး ဇနီးသည်ကို ရုံးကို လိုက်ပို့လိုက်တယ်။ ဘာပဲ ဖြစ်ဖြစ် CDM မှာ မပါဝင်လိုသူတွေကို အဓမ္မမစည်းရုံး စေချင်ပါဘူး။ အတိတ် ကာလအဖြစ်အပျက်တွေ ကို လေ့လာသုံးသပ်ပြီး CDM မလုပ်စေချင်ဘူး။ အားလုံးကို ငြိမ်းချမ်းစေချင်ပါတယ်။ ပုံမှန်ပဲ ရုံးတက် သွားကြစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အလားတူ ငြိမ်းချမ်းစွာ ဘဝရပ်တည်မှုကို ဆောင်ရွက်လိုသည့် ဈေးသည်များနှင့် နေပြည်တော် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သူမှီခိုသူများ၏ စကားသံများကို CDM တွင် ပါဝင်လှုပ်ရှားနေကြသူ များ ကြားသိစေလိုသည်။
စိုးရိမ်သောကနဲ့ဈေးမရောင်းချင်
“အခုတစ်လော ဈေးဝယ်ဈေးရောင်းလုပ်ရတာ ငြိမ်းချမ်းတဲ့ကာလတွေတုန်းကလို သိပ်အဆင်မပြေ ဘူး။ ပျဉ်းမနားမြို့က ကင်ပွန်းတန်း (ဘောဂသီရိ)ဈေးကို နံနက်စောစော ဈေးဝယ်သွားပြီး နေပြည်တော် ဝန်ထမ်းအိမ်ရာတွေကို လှည့်လည်ရောင်းချပါတယ်။ CDM ပါဝင်ဖို့ စည်းရုံးလာမှာနဲ့ မပါဝင်ရင် အန္တရာယ် ပြုမလားဆိုတဲ့ အတွေးတွေကြောင့် အိမ်ပြန် မရောက်မချင်း စိုးရိမ်ကြောင့်ကြနေရတယ်။ တစ်ဖက်မှာ စားဝတ်နေရေးဖြေရှင်းဖို့ကလည်း ရှိနေပြန်တယ်။ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ဈေးရောင်းရတာ အဆင်မပြေဖြစ်နေရတဲ့အချိန်မှာ ဒီ CDM လှုပ်ရှားမှုက ပေါ်လာတော့ ဈေးရောင်းစား ရတာ ပိုပြီးအဆင်မပြေဖြစ်ရတယ်။ အရင်က နေ့လယ်ပိုင်းလောက်ဆိုရင် အိမ်ပြန်ရောက်ခဲ့ ပေမယ့် အခု ညနေ ၅ နာရီခွဲလောက်မှပဲ အိမ်ပြန် ရောက်တော့တယ်။ အရင်လို အေးအေးချမ်းချမ်းနဲ့ အိမ်ပြန်ရောက်ချင်တယ်။ စိုးရိမ်သောကတွေနဲ့ ဈေးလှည့်မရောင်းချင်ဘူး။ အိမ်နဲ့ ပတ်သက်လို့ ရုံးလုပ်ငန်းကိစ္စတွေ ဆောင်ရွက်ဖို့သွားတဲ့အခါ အမြန်ဆုံးအဆင်ပြေ ချောမွေ့စေချင်တယ်။ ဝန်ထမ်းတွေ CDM လုပ်နေလို့ ပြည်သူ့အတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ နှောင့်နှေးနေတယ်ဆိုတာ မျိုးတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ စားဝတ် နေထိုင်ရေးအတွက်လည်း အချိန်ပေးရဦးမှာမို့ တန်ဖိုးရှိတဲ့အချိန်တွေ အချည်းအနှီး မကုန်ဆုံး စေချင်ဘူး။ ဒါကြောင့် CDM လှုပ်ရှားမှုကို မရှိစေ ချင်ဘူး။ CDM ကို ဆန့်ကျင်တယ်” ဟု သုံးဘီး ဆိုင်ကယ်ဖြင့် ဈေးလှည့်လည်ရောင်းချရင်း ဘဝကို မှန်ကန်စွာရပ်တည်နေသူ ဦးမြင့်ရွှေ (အမည်လွှဲ) က ပြောသည်။
ရှေ့မျှော်မှန်းချက်တွေ အများကြီးရှိ
“ကျွန်တော့်ဇနီးက ဝန်ထမ်းတစ်ဦး ဖြစ်ပါ တယ်။ အမျိုးသမီးကလည်း CDM မှာ ပါဝင်ဖို့ ဆန္ဒမရှိသလို ကျွန်တော်ကိုယ်တိုင်ကလည်း အားမပေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တို့မှာ ရှေ့ရေးမျှော်မှန်းချက်တွေ အများကြီးရှိပါ သေးတယ်။ အခုကာလမှာ ဘာမှ ထိခိုက်ခံလို့ မဖြစ်ပါဘူး။ လာရောက် စည်းရုံးမှုတွေ ရှိနေပေမယ့် CDM မှာ မပါဝင်လိုဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြန်လည်ပြောပြ လိုက်ပါတယ်။
“အသိနဲ့ သတိ တရားရှိဖို့ လိုတယ်။ အတည် ပြုချက်ကင်းမဲ့တဲ့ ပြောဆိုချက်တိုင်းကို မယုံကြည် သင့်ဘူး။ ဗဟုသုတများများရှိဖို့လိုအပ်ပြီး အဲဒီဗဟု သုတတွေထဲက အချက်အလက်တွေဟာ မှန်ကန်မှု ရှိ၊ မရှိ စဉ်းစားဆင်ခြင်သုံးသပ်ကြရမှာ ဖြစ်တယ်။ အလားတူ CDM လှုပ်ရှားမှုဆိုရင်လည်း ဝန်ထမ်း တစ်ဦးအနေနဲ့ ပါဝင်သင့် မပါဝင်သင့်ဆိုတာကို လက်တွေ့ဆန်ဆန် ရှေ့ရေးမျှော်တွေးကြရမှာ ဖြစ် ပါတယ်။ ဒါကြောင့် CDM အားမပေးဘူး။ CDM ကို ကန့်ကွက်တယ် ” ဟု နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ကံ့ကော်အိမ်ရာတွင်နေထိုင်သည့် ကိုမြင့်ဦး (အမည်လွှဲ) က ပြောသည်။
မိမိ၏ယုံကြည်ချက်သည် မိမိ၏ဆန္ဒသဘော ထားသာဖြစ်သည်။ မိမိနှင့် ခံယူချက်မတူကြသူများ ကိုလည်း လေးစားကြရမည်ဖြစ်သည်။ မိမိတို့၏ ရေရှည်အကျိုးဖြစ်ထွန်းရေးကို မျှော်တွေးကြစေလို သည်။ ထို့ကြောင့် တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို လေးစားလိုက်နာပြီး ဒီမိုကရေစီ နည်းလမ်းတကျ မိမိတို့၏ ဆန္ဒသဘောထားများ ကို မိမိတို့၏ ယုံကြည်ချက် ခံယူချက်များအတိုင်း အများသူငှာ၏ ကိုယ်ကျင့်တရားနှင့် အကျိုးစီးပွား ကို ထိခိုက်နစ်နာစေခြင်းမရှိဘဲ ငြိမ်းအေးစွာသာ ဆန္ဒထုတ်ဖော်သင့်ပါကြောင်း။
ကိုမေတ္တာ (နေပြည်တော်)
- Log in to post comments