
နေပြည်တော် ဇွန် ၁၀
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါ မုန်တိုင်းဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့ စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ ညနေပိုင်းတွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ် ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက် ကြသည်။
ထိုသို့ ဖျော်ဖြေတင်ဆက်ရာ တွင် စစ်သည်/ စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊ တေးသရုပ်ဖော် အကများ၊ ရယ်ရွှင်ဖွယ်ရာ ဟာသ ပြဇာတ် ၊ ဒေသ၏ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဗဟုသုတဖြစ်ဖွယ် ရာအသိပညာပေး အစီအစဉ်များ ဖြင့် ကဏ္ဍစုံလင်စွာ သီဆိုကပြ ဖျော်ဖြေကြရာ စစ်တွေတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ ပျော်ရွှင် စွာ ကြည့်ရှုအားပေးကြသည်။ ထိုကဲ့သို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/ စစ်သမီးများအား တပ်နယ်မှ တာဝန်ရှိသူများက ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်