ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စေတနာရှင် အလှူရှင်များက ဒုတိယအကြိမ် အလှူငွေများ ပေးအပ်လှူဒါန်း

 

မန္တလေး  ဇွန်  ၁၀
မန္တလေးတိုင်းဒေသကြီး  အစိုးရ အဖွဲ့က  ဦးစီးကျင်းပသည့်  မိုခါ မုန်တိုင်းဒဏ်သင့်    ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး      လုပ်ငန်းများ အတွက် စေတနာရှင်အလှူရှင်များ က ဒုတိယအကြိမ်အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက   မန္တလေး မြို့တော်      စည်ပင်သာယာရေး ကော်မတီရုံး     (၆)ထပ်ဆောင် အစည်းအဝေးခန်းမ၌    ကျင်းပ ရာ       မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ်        ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး     ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ အလှူရှင် များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ  တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က         အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်  ဝန်ကြီးများက အလှူရှင်များက    လှူဒါန်းသည့် စုစုပေါင်း  အလှူငွေကျပ်  ၁၄၇၄ သိန်းကို လက်ခံ၍ ဂုဏ်ပြု မှတ်တမ်းလွှာများ    ပေးအပ်ကာ တိုင်းဒေသကြီး    ဝန်ကြီးချုပ်က        ကျေးဇူးတင်စကား        ပြန်လည် ပြောကြားသည်။ 
မန္တလေး      တိုင်းဒေသကြီး အစိုးရအဖွဲ့က  ဦးစီးကျင်းပသည့် မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး        လုပ်ငန်းများ အတွက် ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှ ယနေ့အထိစေတနာရှင်အလှူရှင် များ၏ လှူဒါန်းငွေမှာ စုစုပေါင်း ငွေကျပ်  ၇၈၇၆၃၈၄၀၀   ဖြစ် ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်