
နေပြည်တော် ဇွန် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်း ကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန် ရှိသူများက သီလဝါဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်း ငါးကန်နှင့် ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှုနှင့် ဈေးကွက်အတွင်းသို့ သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိမှုအခြေအနေများ၊ သီလဝါစိုက်ပျိုးမွေးမြူရေး ဇုန်မှထွက်ရှိသည့် ကြက်ဥ၊ ဘဲဥများအား သဘာဝ ဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ သက်သာသော နှုန်းထားများဖြင့် သွားရောက်ရောင်းချပေးလျက်ရှိ သည့်အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု နှင့် သား၊ ငါးထုတ်လုပ်မှုအပေါ် စားသုံးနိုင်မှုအခြေ အနေများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ များနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဒေသတွင်း၌ ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့်
စားရေရိက္ခာဖူလုံရမည်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုး မွေးမြူရေးဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက် ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေ ရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေ ၈ သန်းခန့်ရှိပြီး နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များစွာရှိသဖြင့် တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ရန်ကုန်တိုင်းဒေသကြီးသို့ အသား၊ ငါးနှင့် ဥများကို တင်ပို့ရောင်းချလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ အခြားဒေသမှ လာရောက်ရောင်းချခြင်းဖြင့် ထုတ်လုပ် မှုကုန်ကျစရိတ်အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်များကြောင့် စားသောက်ကုန်များကို ဈေးနှုန်း မြင့်မားစွာဖြင့် ဝယ်ယူစားသုံးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုး မွေးမြူရေးဇုန်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ရန်ကုန်မြို့၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ရန်ကုန် တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ရောင်းချနိုင်မည် ဆိုပါက မြို့နေပြည်သူများအနေဖြင့် အသားငါးများ ကို ဈေးနှုန်းသက်သာစွာဖြင့် ပေါများစွာဝယ်ယူစားသုံး နိုင်မည်ဖြစ်ကြောင်း။
အခြေခံစားကုန်များဈေးနှုန်းကြီးမားမှု
မရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို နေ့စဉ်မဖြစ်မနေ ဝယ်ယူစားသုံးနေရ သောကြောင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှု မရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ကို အလေးထား အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို မလိုလားသူများအနေဖြင့် မိမိတို့ စတင် တာဝန်ယူစဉ်ကပင် စီးပွားရေးပိတ်ဆို့ခြင်း၊ ကုန်ပစ္စည်း များ ဈေးနှုန်းမြင့်တက်အောင်ဆောင်ရွက်ခြင်း၊ ငွေကြေး လည်ပတ်မှုအခက်အခဲဖြစ်အောင် ဆောင်ရွက်ခြင်း များဖြင့် နိုင်ငံရေး အခက်အခဲအကျပ်အတည်းများဖြစ် အောင်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ယင်း အခက်အခဲများ ကျော်လွှားနိုင်ခဲ့ကြောင်း၊ စားသောက် ကုန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင် အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက် ရာတွင်လည်း စိုက်ပျိုးမွေးမြူရေး ဧရိယာများတိုးချဲ့ ခြင်းထက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက် ရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေ များကို အကျိုးရှိစွာ အသုံးချရန်လိုပြီး စိုက်ပျိုးမြေများ ကို အပြည့်အဝအသုံးချရန်အတွက် ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ဥများလုံလောက်စွာရရှိနိုင်ရေး မွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်၍ အထွက် နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အမှန်တကယ်အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြစ်စေလိုပြီး ရန်ကုန်မြို့နေ လူဦးရေ၏ စားရေးကို အထောက်အကူပြုနိုင်ရမည် ဖြစ် ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အစာ များနှင့် မြေဩဇာများ လိုအပ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများ နှင့် သဘာဝမြေဩဇာများကို ထုတ်လုပ်နိုင်ရန်လို ကြောင်း၊ တိရစ္ဆာန်အစာများကို ထုတ်လုပ်ခြင်းဖြင့် ဒေသတွင်း အစာဈေးနှုန်းများ ကျဆင်းလာမည်ဖြစ် ကြောင်း၊ ရန်ကုန်မြို့တော်သို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အေးသာယာမှ ကြက်ဥများ၊ ပဲခူးတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဘဲဥများ ကို များစွာတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထိုသို့ ပို့ဆောင်သဖြင့် ကျသင့်နိုင်သည့် သယ်ယူပို့ဆောင်ခ များထက် ရောင်းချသည့်ဈေးနှုန်းများမှာ များစွာ ကွာခြားလျက်ရှိပြီး ပိုမိုဈေးတင်ထားသည်ကို တွေ့ရှိ ရကြောင်း၊ ထိုသို့ ဝိသမလောဘသားများအနေဖြင့် စားသုံးကုန်ဈေးနှုန်းများကို ထိုက်သင့်သည့်ဈေးထက် ပိုမိုဈေးတင်ရောင်းချနေမှုအပေါ် တာဝန်ရှိသူများ အနေဖြင့် စိစစ်ရန်လိုကြောင်း၊ အဓိကအားဖြင့် ရန်ကုန် တိုင်းဒေသကြီးရှိပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်မခံရစေရေး ဒေသအတွင်းရှိ ကုန်ထုတ်လုပ် စွမ်းအားဖြင့်ဆောင်ရွက်ရန်နှင့် ပြင်ပမှ တင်သွင်းမှု များကို သက်သာသောဈေးနှုန်းများဖြင့် ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများစားရေးအတွက် တိုင်းဒေသကြီး အစိုးရမှ ဆောင်ရွက်ရန်လိုသကဲ့သို့ တပ်မတော်မှ လည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူ ထားရှိသည့် ငါးအမျိုးအစား နမူနာပြသထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘဲဥ၊ ထိုင်ဝမ်သင်္ဘော၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသ ထားမှုများကို ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူ ထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် ငါးမွေးမြူရေးလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှု၍ တာဝန်ရှိသူများနှင့် ကုန်ထုတ်လုပ်မှုများနှင့် ရန်ကုန်မြို့တော် စားရေ ရိက္ခာဖူလုံမှုရှိစေရေး သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်