
တိုကျို ဇွန် ၉
ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် မိဖုရား မာဆာကို တို့သည် ယခုလ နှောင်းပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်မည်ဟု သိရသည်။
၂၀၁၉ ခုနှစ် ထီးနန်းဆက်ခံသည့်အချိန်မှ စတင်ကာ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံ ခြားခရီးစဉ် သွားရောက်ခြင်းလည်းဖြစ်သည်။ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ခုနစ်ရက် သွားရောက်မည်ဟု ဂျပန်အစိုးရအဖွဲ့က တရားဝင်အတည်ပြုခဲ့ပြီးဖြစ်သည်။
ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ဧကရာဇ် နာရူဟီတိုနှင့် မိဖုရား မာဆာကိုတို့သည် ဟာနေဒါလေဆိပ်မှ ထွက်ခွာမည်ဖြစ်သည်။ မွန်းလွဲပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာသို့ ရောက်ရှိမည်ဖြစ်သည်။
ဇွန် ၁၉ ရက်တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံမည်ဖြစ်သည်။ ဇွန် ၂၁ ရက်တွင် ဂျပန်ဧကရာဇ်သည် ဂျာဗား ကျွန်းအလယ်ပိုင်းရှိ ယော့ဂ်ရာကာတာသို့ နှစ်ရက်ကြာ သွားရောက်ရန် စီစဉ်ထားသည် ဟု သိရသည်။
အင်န်အိတ်ချ်ကေ