ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီမြစ် မြစ်ရေလမ်းကြောင်းအခြေအနေ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇွန်   ၉ 
မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့နယ် ရန္တပိုကျေးရွာအနီးရှိ ဧရာဝတီ မြစ် မြစ်ရေလမ်းကြောင်းအခြေအနေကို ယနေ့နံနက်ပိုင်းတွင်  လျှပ်စစ် စွမ်းအားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မြန်မာ နိုင်ငံ တမံကြီးများဆိုင်ရာ  အမျိုးသားကော်မတီအဖွဲ့ဝင် ဦးကြည်သာ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် တပ်မတော် စစ်ရေယာဉ်ဖြင့်   မြင်းခြံမြို့နယ် ရန္တပိုကျေးရွာအနီး  မြစ်ကြောင်း အတွင်း     အနည်ပို့ချနှုန်းနှင့် သောင်ထွန်းနေမှု၊   ရေကြောင်း သွားလာမှု၊ မြစ်ကမ်းပါး  ဝဲ/ယာ ရှိ    ဘူမိဗေဒအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ  ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန    ညွှန်ကြားရေး မှူးချုပ် ဦးဟိန်းထက်နှင့် တာဝန် ရှိသူများက   ဧရာဝတီမြစ်ဝှမ်း ဆိုင်ရာအချက်အလက်များ၊ ရန္တပို ကျေးရွာအနီးရှိ   ဧရာဝတီမြစ်၏   ရေလမ်းကြောင်း၊ ရေမျက်နှာပြင်  အနိမ့်အမြင့်   ကွာခြားချက်၊   ရေ အတိမ်အနက်နှင့် မြစ်ရေထုထည် စီးနှုန်းအခြေအနေကို   ရှင်းလင်း တင်ပြကြသည်။ 
အသေးစိတ်စူးစမ်းလေ့လာမှု
တင်ပြမှုများအပေါ်   ပြည် ထောင်စုဝန်ကြီးက  ယခုနေရာ သည် အကြိုစူးစမ်း လေ့လာမှုများ ဆောင်ရွက်ရန်   သင့်လျော်သည့် နေရာဖြစ်သောကြောင့် ဧရာဝတီ မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ     ဆောင်ရွက်ရန် အတွက် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင်အပေါ်သက်ရောက် နိုင်မှုများကို   အသေးစိတ်စူးစမ်း လေ့လာမှုများ  ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ချင်းတွင်းမြစ် သည် အနည်ကျမှုနှုန်း ပိုမိုများပြား ပါကြောင်း၊ ယခု ရန္တပိုနေရာသည်  ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံ ရာ၏ အထက်ဘက်တွင်  တည်ရှိ သဖြင့်        ရေအရည်အသွေး ကောင်းမွန်ပြီး အနည်ကျနှုန်း ပိုမို နည်းပါးနိုင်သည့်အတွက် လုပ်ငန်း များ   ဆောင်ရွက်ပါက    မြစ်၏ အောက်ပိုင်းနေရာများထက် ပိုမို အကျိုးရှိနိုင်မည်ဖြစ်ကြောင်း။
ငလျင်ဆိုင်ရာလေ့လာဆန်းစစ်မှု
ထို့ကြောင့်   အကြိုစူးစမ်း လေ့လာတိုင်းတာမှုအနေဖြင့် မြေ မျက်နှာသွင်ပြင်၊    ဇလဗေဒနှင့် ဘူမိဗေဒဆိုင်ရာ  လေ့လာမှုများ အပြင် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် နီးကပ်စွာ      တည်ရှိနေသဖြင့် မြေငလျင်ဆိုင်ရာ      လေ့လာ ဆန်းစစ်မှုများကို စတင်၍ စူးစမ်း ဆောင်ရွက်သွားရမည်       ဖြစ် ကြောင်း၊ အကြိုဖြစ်မြောက်နိုင်စွမ်း လေ့လာမှုမှ ရရှိလာသော အချက် အလက်များအပေါ်   အခြေခံပြီး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုအား ထပ်မံအသေးစိတ်   ဆောင်ရွက် သွားရမည်ဖြစ်သည့်အတွက် နိုင်ငံ တကာ     အတွေ့အကြုံရှိသည့် အတိုင်ပင်ခံ   အင်ဂျင်နီယာအဖွဲ့ အစည်းများနှင့် ဌာနမှ လူအင်အား အရင်းအမြစ်များ    ပူးပေါင်းကာ စနစ်တကျ   အသုံးချဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြား သည်။                        သတင်းစဉ်