ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ(မြစ်ကြီးနားမြို့)ရှိ ကျောက်မျက်အချောထည်များ ဈေးကွက်ဖော်ဆောင်နိုင်ရေးကြည့်ရှု

မြစ်ကြီးနား   ဇွန်    ၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက် အတွင်းရှိ          ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း   (မြစ်ကြီးနား) ပိုင်   ဧရိယာအတွင်း တည်ဆောက်ဖွင့်လှစ်ထားရှိသည့်    ကျောက်စိမ်း၊   ကျောက်မျက်နှင့်  ကျောက်မျက်ရတနာရောင်းဝယ် ရေးစင်တာ၌       ဖွင့်လှစ်ရောင်းချလျက်ရှိသည့်   ပယင်းအချောထည်ဆိုင်ခန်းများကို       ပြည်နယ် ဝန်ကြီးချုပ်   ဦးခက်ထိန်နန်သည်   ဇွန်   ၇   ရက်က  ကြည့်ရှုစစ်ဆေးသည်။
ထိုသို့   ကွင်းဆင်းစစ်ဆေးရာတွင်   ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊     ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ သွားရောက်ကြည့်ရှုရာ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)မှ တာဝန်ရှိသူ များက ရောင်းဝယ်ရေးစင်တာအတွင်း ဆိုင်ခန်းများဖွင့်လှစ်ထားရှိမှု၊ ဈေးရုံအတွင်း ပယင်းအချောထည် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများ နှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသမှုကို လှည့်လည် ကြည့်ရှုပြီး   ပြည်နယ်ဝန်ကြီးချုပ်က  ဆိုင်ခန်းများ စနစ်တကျ ပြင်ဆင်ရောင်းချနိုင်ရေး၊ ပယင်းအချော ထည်   ဈေးကွက်ခိုင်မာပြီး   ပိုမိုကောင်းမွန်သော ဈေးကွက်အချက်အချာ နေရာတစ်ခုဖြစ်လာစေရေး၊ လူအများ လွတ်လပ်စွာ ဝင်/ထွက်၍ အရောင်းအဝယ် ပြုလုပ်ခြင်းအားဖြင့် စည်ကားသော ဈေးနေရာတစ်ခု ဖြစ်လာစေရေး၊ စင်တာပတ်ဝန်းကျင် အမှိုက်ကင်းစင် ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)