
မနီလာ ဇွန် ၈
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ နှင့် ကီလိုမီတာ ၅၀၀ အကွာ အယ်လ်ဗျာပြည်နယ်ရှိ မာရွန် မီးတောင်သည် တိတ်တဆိတ် ပေါက်ကွဲမှု ဖြစ်ပေါ်နေသည်ဟု ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒ ဌာနက ဇွန် ၈ ရက်တွင် ပြောသည်။
လူဇွန်ကျွန်းတောင်ဘက်ဆုံး ရှိ မီးတောင်မှာ ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ်အနည်း ငယ်အတွင်း မီးတောင်ပေါက်ကွဲမှု များ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း အဆိုပါငလျင်ဌာနက သတိပေး ထားသည်။ သတိပေးမှုအဆင့် ငါးဆင့်အနက် တတိယအဆင့် အထိ တိုးမြှင့်သတိပေးခဲ့သည်။
မာရွန်မီးတောင်မှာ ရက်သတ္တ ပတ်အနည်းငယ်အတွင်း ချော်ရည် များ စီးဆင်းလာနိုင်ပြီး ကျောက်တုံးများ ပြိုကျလာနိုင်မှု နှင့် မီးတောင်နှင့် ပတ်သက်သည့် အခြားသော ဘေးအန္တရာယ်များ နှင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိသည် ဟု သတိပေးထားသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ပြာများသည် လေယာဉ်ပျံသန်းမှုတွင် အန္တရာယ် ရှိသည့်အတွက် မီးတောင်ထိပ်ဝ အနီး ပျံသန်းမှုများမပြုလုပ်ကြရန် လည်း အရပ်ဘက်လေကြောင်း အာဏာပိုင်များက တိုက်တွန်း ထားသည်။
မာရွန်မီးတောင်သည် ခရီး သွားများကို အဓိကဆွဲဆောင်ရာ နေရာတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ အတွင်း လှုပ်ရှားမှုအများဆုံး မီးတောင်လည်းဖြစ်သည်။ နှစ် ပေါင်း ၄၀၀ အတွင်း အကြိမ်ရေ ၅၀ ခန့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ဖြစ်သည်။
ဆင်ဟွာ