သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   ဇွန်    ၈
သဘာဝဘေးအန္တရာယ် ကျရောက် ခဲ့ရသည့် ဒေသများတွင် လိုအပ် သည့်   ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ   ကြိုတင် စုဖွဲ့စေလွှတ်ထားသည့်    ကူညီ ကယ်ဆယ်ရေး     အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများ တွင်   အင်တိုက်အားတိုက်   ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိ ရာ  ယနေ့တွင်    ပုဏ္ဏားကျွန်းမြို့ သို့   ရောက်ရှိနေသော     ကူညီ ကယ်ဆယ်ရေး    အဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များ နှင့် ပူးပေါင်း၍ သာစည်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှု   လုပ်ငန်းများ ဆောင်ရွက်ပေးပြီး     ကျေးရွာရှိ ရွာမကျောင်းတိုက်    ဆရာတော် အား       ဆွမ်းဆန်တော်များ ဆက်ကပ်     လှူဒါန်းကြသည်။ ယင်းနောက်  ပုဏ္ဏားကျွန်း  မြို့ဦး ဘုန်းတော်ကြီးကျောင်း၌   ပြိုကျ ပျက်စီးနေသည့် ကျောင်းဆောင် များကို   ရှင်းလင်းပေးပြီး   စံပြ ရပ်ကွက်နှင့်  ရွာဟောင်းရပ်ကွက် တို့မှ    ဒေသခံပြည်သူများအား အဆိုပါကျောင်းတိုက်၌ ဆန်များ ထောက်ပံ့ပေးအပ်  လှူဒါန်းကြ သည်။
အလားတူ   ကျောက်ဖြူမြို့ သို့   ရောက်ရှိနေသော   ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်း ၍   ကျောက်ဖြူမြို့အဝင်   ကား လမ်းမကြီး  ဝဲ/ယာရှိ   လဲကျနေ သော   သစ်ပင်၊   သစ်ကိုင်းများ၊ ချုံနွယ်များ   ခုတ်ထွင်ရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အတူ   ဘူးသီးတောင်မြို့ သို့    ရောက်ရှိနေသည့်    ကူညီ ကယ်ဆယ်ရေး   အဖွဲ့များသည် ဘူးသီးတောင်မြို့ လမ်းဘေး ဝဲ/ ယာရှိ   လဲကျနေသော   သစ်ပင်၊ သစ်ကိုင်းများ၊      ချုံနွယ်များ ခုတ်ထွင်   ရှင်းလင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ကျောက်တော်မြို့ သို့     ရောက်ရှိနေသော  ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် ကျောက်တော်မြို့  မဟာကံကြီး သျှင်   ဘုရားကြီးဝင်းအတွင်းရှိ လေဘေးသင့်ပြည်သူများ၊ပရဟိတ ကျောင်းသား   ကျောင်းသူများ နှင့်  ဆရာ ဆရာမများအတွက် သောက်ရေသန့်များ ပေးဝေခြင်း နှင့်     ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆိုပါဘုရား ကြီးရှိ  ကျောင်းထိုင်ဆရာတော် အား ဆန်၊ ဆီ၊  ပဲ၊  ဆားများ ဆက်ကပ်လှူဒါန်းသည်။
ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိ နေသော ကူညီကယ်ဆယ်ရေးအဖွဲ့ များသည် စစ်တွေမြို့ ရေချမ်းပြင် ကျေးရွာ ကားလမ်းတစ်လျှောက်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်း ကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မယ်ဇလီကုန်းကျေးရွာ၌  ဒေသခံ ပြည်သူများအား     ကျန်းမာရေး စောင့်ရောက်မှု     လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ မောင်တောမြို့နယ် သို့   ရောက်ရှိနေသည့်    ကူညီ ကယ်ဆယ်ရေး  အဖွဲ့များသည် အင်းဒင်ကျေးရွာ၌ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိသည်။ 
ထို့ပြင်   တပ်မတော်အကြီး အကဲ၏    လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင် များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည် စစ်တွေ မြို့ရှိ   နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍  နယ်မြေခံကျန်းမာရေး အဖွဲ့များနှင့် ပူးပေါင်းကာ ကျား မသောက်ကျေးရွာမှ      ဒေသခံ ပြည်သူများအား    လိုအပ်သည့် ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ   ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်