အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

 

နေပြည်တော်   ဇွန်  ၈


အိန္ဒိယနိုင်ငံ၏   ဖက်ဒရယ်စနစ် အတွင်းရှိ  အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ(The Role of Gove-rnors in  India’s Federalism) ဆိုင်ရာ   အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

 


အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊   အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် ကော်မတီဝင်များ၊ အငြိမ်းစား တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ    အရာထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယနိုင်ငံ သံအမတ်ကြီး  H.E.  Mr. Vinay Kumar နှင့် သံရုံးမှ  တာဝန်ရှိသူ များ၊ ဒေါက်တာ  နော်ကပေါ်ထူး ဦးဆောင်သည့်   NCA - S EAO  (၇)ဖွဲ့(ALP ၊ DKBA ၊ KNU/KNLA-PC၊ LDU၊ NMSP၊ PNLO၊ RCSS) တို့မှ       ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

 


အလုပ်ရုံ    ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.  Mr.  Vinay   Kumar   နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ကိုယ်စား KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်က ပေါ်ထူး တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ 

 


ယင်းနောက်  အိန္ဒိယနိုင်ငံမှ ပညာရှင် Professor Sudarshan Ramaswamy က အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ် ရေးမှူးများ၏   အခန်းကဏ္ဍကို ဦးဆောင်ဆွေးနွေး    ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသူ များက အိန္ဒိယနိုင်ငံ၏  အတွေ့ အကြုံများ၊  Governor   များ၏ အခန်းကဏ္ဍနှင့်    တာဝန်များ၊ နိုင်ငံတကာအတွေ့အကြုံများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့်   အပြန်အလှန် အမြင်ချင်းဖလှယ်မှုများ ဆောင်ရွက် ခဲ့ကြပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း   သိရ သည်။                  

 သတင်းစဉ်