နိုင်ငံ့စီးပွားကို မြှင့်တင်ရန်အတွက် MSME လုပ်ငန်းများကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံအတွက်ထုတ်ကုန်များစွာထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်

 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၃) ကျင်းပ

 

နေပြည်တော်   ဇွန်  ၈ 


အသေးစား၊       အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်း များ  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ      အစည်းအဝေး (၁/၂၀၂၃) ကို   ယနေ့မွန်းလွဲပိုင်း တွင်    နေပြည်တော်ရှိ    စက်မှု ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌    ကျင်းပရာ    အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း        ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ   ဒုတိယ ဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူး ကြီး         စိုးဝင်းတက်ရောက် အမှာစကားပြောကြားသည်။ 

 


အစည်းအဝေးသို့     ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်   ဦးဝင်းရှိန်၊ ဒေါက်တာ    ချာလီသန်း၊    ဦးလှမိုး၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာမျိုးသိန်းကျော်၊      နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊    ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့်    အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 


လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်း


ဦးစွာ အသေးစား၊  အငယ်စားနှင့်   အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ           ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးကို  ၂၀၂၃ ခုနှစ် မေ ၂၇ ရက်တွင်   ကျင်းပခဲ့ကြောင်း၊    ယင်းအစည်းအဝေးမှ နိုင်ငံတော်ဝန်ကြီးချုပ်၏      လမ်းညွှန်ချက်များကို အကောင်အထည်ဖော်နိုင်ရန်   လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အေဂျင်စီ များက ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊  နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် MSME လုပ်ငန်းများနှင့်ပက်သက်၍    တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့   သွားရောက်ပြီး အားပေးခြင်း၊ အကြံပေးခြင်း၊ ညှိနှိုင်းဆွေးနွေးပေးခြင်းတို့အပြင် လိုအပ်ချက်များကို     အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME နှင့်စပ်လျဉ်း ၍ နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်များတွင် လမ်းညွှန်ခဲ့ သည်မှာ ညွှန်ကြားချက် ၁၉၀ ကျော်ရှိပြီး လုပ်ငန်းရှင် များနှင့် ဒေသခံများ၏ တင်ပြချက်များမှာ အချက် ပေါင်း ၂၃၀ ကျော်ရှိကြောင်း၊ ယင်းတင်ပြချက်များမှာ နည်းပညာ၊ ငွေကြေး ၊ ဈေးကွက်နှင့် မြေနေရာ၊ ကုန် ကြမ်း၊ စက်ပစ္စည်းနှင့် အခြားကဏ္ဍများပါဝင်ကြောင်း၊ ယင်းတင်ပြချက်များအပေါ် မိမိတို့လုပ်ငန်းကော်မတီ အနေဖြင့်   တိုင်းဒေသကြီးနှင့် ပြည်နယ်အေဂျင်စီ များနှင့် ချိတ်ဆက်ပြီး  ကြပ်မတ်အကောင်အထည် ဖော်  ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊   နိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် MSME နှင့်စပ်လျဉ်း၍ လမ်းညွှန် သည့်    အဓိကအခြေခံအချက်များမှာ   ပြည်တွင်း ထုတ်ကုန်အားပေးရန်၊      သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်တိုးမြှင့်ရရှိစေရန်ဖြစ်ကြောင်း၊      လုပ်ငန်း ကော်မတီအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယင်းအချက်များကို လက်လွှတ်၍ မရသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အေဂျင်စီ များကလည်း  အဆိုပါအခြေခံအချက်(၃)ချက်ကို မူတည်ပြီး   လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 


ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး ကုန်ထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်


ယင်းသို့ဆောင်ရွက်ရန်     တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်  သေချာသော ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး       ကုန်ထုတ်လုပ်မှု တိုးတက်အောင်        ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏   လမ်းညွှန်ချက်ဖြစ်သော One Region One Product  ဒေသတစ်ခု ထွက်ကုန် တစ်ခု ထုတ်လုပ်နိုင်အောင်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊    ယင်းကို   သက်ဆိုင်ရာအေဂျင်စီ အလိုက်  အဓိကထုတ်ကုန်သတ်မှတ်ပြီး ပြည်တွင်း ထုတ်ကုန်အပြင် ပြည်ပတင်ပို့နိုင်သည်အထိ ရည်ရွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်း များအတွက်    အခြေခံအချက်  (၃)  ချက်ဖြစ်သည့် ပြည်တွင်းထုတ်ကုန်  အားပေးရန်၊  သွင်းကုန်အစား ထိုးရန်၊ ပို့ကုန်တိုးမြှင့် ရရှိစေရန် စသည့်အချက်များ အပေါ်မူတည်ပြီး လုပ်ငန်းကော်မတီနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အေဂျင်စီများ ညှိနှိုင်းပြီး ထုတ်ကုန် နယ်ပယ်ကိုလည်း သတ်မှတ်လျက် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊  ထုတ်ကုန်နယ်ပယ်များအနေဖြင့် အဓိက ဆီထွက်သီးနှံအပါအဝင်   စားသောက်ကုန် လုပ်ငန်း၊ ဆန်နှင့် ဆန်ကွဲ၊ ပီလောပီနံ၊ ရော်ဘာ ၊ ဝါ၊ ကော်ဖီနှင့် လက်ဖက်၊ သစ်တောထွက်ပစ္စည်း၊ ကြိမ်/ဝါး၊ သား၊ ငါး၊    တိရစ္ဆာန်အစားအစာနှင့်  ဆေးဝါး အခြေခံထွက်ကုန် ထုတ်လုပ်နိုင်ရန် မိမိဒေသအလိုက် ရရှိနိုင်သည့် ကုန်ကြမ်းပေါ်မူတည်ပြီး ထွက်ကုန်နယ် ပယ် သတ်မှတ်ရေးနှင့် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ရည်ရွယ်ပြီး   ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအပိုင်းက လည်း ထုတ်လုပ်နိုင်မည့် ထုတ်ကုန်အပေါ်မူတည်ပြီး ဖြစ်နိုင်ခြေကို   စီမံချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ 

 


ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ ပံ့ပိုးနိုင်ရေးကိုလည်း  ဆောင်ရွက်ပေးသွားမည်


စီမံချက်ရေးဆွဲဆောင်ရွက်ရာတွင် တိုင်းဒေသ ကြီးနှင့်   ပြည်နယ်   MSME   လုပ်ငန်းရှင်များကို သမဝါယမစနစ် ၊ ပုဂ္ဂလိကစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် နည်းပညာများ ပံ့ပိုးနိုင်ရေး ကိုလည်း    ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိနိုင် သည့်အတွက်  ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်   ငွေကြေး စီးဆင်းမှုလွယ်ကူအောင် ကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် MSME လုပ်ငန်းရှင်များ    အသိပညာရရှိရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူ စွန့်ဦး တီထွင် လုပ်ငန်းအတွက်လည်း ပံ့ပိုးကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊     သတင်းကွန်ရက်ဖြန့်ဝေမှု အပိုင်းတွင် MSME လုပ်ငန်းရှင်များနှင့် အများပြည်သူ များအတွက် မှန်ကန်မြန်ဆန်စွာ  ရောက်ရှိရေးနှင့် MSME လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်လုပ်သား နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊   ထုတ်ကုန် ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင်   ဈေးကွက်နှင့် လုပ်ငန်းစဉ် ကွင်းဆက်မပျက်စေရေးအတွက် စဉ်းစား ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊   ထို့အပြင် လုပ်ငန်းကော်မတီအနေဖြင့် MSME လုပ်ငန်းရှင်များ ၏     ထွက်ကုန်များကို     ပြည်ပဈေးကွက်ရရှိရေး  ကူညီပံ့ပိုး  ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ရည်မှန်းထားသည့် နိုင်ငံ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဓိကပံ့ပိုးပေးသည့် MSME   လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရန်အတွက် တက်ရောက်လာကြသူများက       ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  နိုင်ငံ့စီးပွားကို မြှင့်တင်ရန်အတွက် MSME လုပ်ငန်းများကို ရေရှည် အာမခံချက်ရှိအောင်  အားပေးကူညီပြီး နိုင်ငံအတွက် ထုတ်ကုန်များစွာ ထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်    ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ MSME   လုပ်ငန်းများအနေဖြင့် လက်ရှိ အချိန်ထိ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ထုတ်လုပ်မှုပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်း၊ သတင်းဖြန့်ဝေမှုအပိုင်း နှင့် ကုန်သွယ်ငွေလွှဲသည့် နေရာများတွင် ကျွမ်းကျင် စွာသုံးစွဲရန် ခက်ခဲနေဆဲပင်ဖြစ်သောကြောင့်  ထိထိ ရောက်ရောက်နှင့်    လွယ်လွယ်ကူကူ   အသုံးပြုနိုင် အောင်   နည်းလမ်းရှာဖွေဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က လုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက် အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်း ကော်မတီ၏   လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

 


ဖတ်ကြားတင်ပြ


ယင်းနောက်   အသေးစား၊   အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့် အမှာစာများကို အေဂျင်စီဥက္ကဋ္ဌ  စက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊    လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေး အဖွဲ့ဥက္ကဋ္ဌ     စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ရန်ပုံငွေစီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌ   စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်း၊   ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်တို့က ဖတ်ကြားတင်ပြကြသည်။

 


ထို့နောက်     လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က  အသေးစား၊  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးထား သည့်     ငွေကြေးဆိုင်ရာ    အချက်အလက်များနှင့် ချေးငွေဆိုင်ရာ          စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။

 


ယင်းနောက်  လုပ်ငန်းကော်မတီ   ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ချာလီသန်းက   SME   ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို MSME   ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအဖြစ်   ပြင်ဆင် ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်ရန်၊ ဒေသထွက်ကုန်ကြမ်း များကိုအသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များ နှင့်     တန်ဖိုးမြှင့်ထုတ်ကုန်များ    ထုတ်လုပ်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဦးစားပေး ထုတ်လုပ်ရမည့် ထုတ်ကုန်များ   ခွဲဝေသတ်မှတ်ပေး ရန်၊     ကုန်ထုတ်လုပ်မှု   သမဝါယမအသင်းများ တည်ထောင်ပြီး သမဝါယမစနစ်နှင့် ကုန်စည်ဒိုင်များ ချိတ်ဆက်ဆောင်ရွက်ရန်၊ MSME ထုတ်ကုန် အမှတ် တံဆိပ်များတွင် ဖော်ပြထားသည့်  အချက်အလက် များကိုစနစ်တကျရရှိစေရေး           တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက် ရန်၊ ဒေသအသီးသီးရှိ ကုန်စည်သတင်းအချက်အလက် များနှင့် ပြည်ပပို့ကုန် သတင်းအချက်အလက်များအား MSMEလုပ်ငန်းရှင်များသိရှိစေရန်  နိုင်ငံပိုင်မီဒီယာ များတွင်   ထည့်သွင်းဖော်ပြကြေညာပေးရန်၊ MSME ဆိုင်ရာသတင်းအချက်အလက်များ   ဖြန့်ဝေပေးနိုင် မည့်    information   Mechanism   တစ်ခုတည် ထောင်နိုင်ရေးဆောင်ရွက်ရန်နှင့် ၂၀၁၈ ခုနှစ် အာဆီယံ SME   မူဝါဒဆိုင်ရာ  အညွှန်းကိန်းအစီရင်ခံစာပါ အချက်အလက်များအား ဆွေးနွေးတင်ပြသည်။

 


 ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး


ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့်  ဦးလှမိုး၊   ဦးအောင်နိုင်ဦးနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ    ဝန်ကြီးချုပ်များ၊   ဒုတိယဝန်ကြီးများနှင့် အသင်းအဖွဲ့များမှ   ပညာရှင်များက   အသေးစား၊ အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ငန်းဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍       သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီ တွဲဖက်အတွင်း ရေးမှူး စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ  အမှာစာ များကို ဖတ်ကြားရှင်းလင်း အတည်ပြုချက်ရယူနိုင် ရေးတင်ပြသည်။

 


ထို့နောက်     အသေးစား၊      အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြ ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို  ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။                  

 သတင်းစဉ်