ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော်   ဇွန်   ၈


သဘာဝပတ်ဝန်းကျင်အား  ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို   အထောက်အကူဖြစ်စေရန်၊   အရိပ် အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက် တစ်လမ်းမှ  အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစု များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ် မှစ၍ နှစ်စဉ် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုး ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ 

 


ယနေ့တွင် ၂၀၂၃ ခုနှစ်  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)      မိသားစုများ၏    ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်     ဇေယျာသီရိမြို့နယ်   ရေဆင်းဆည်အနီး၌  ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တက်ရောက်၍   ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

 


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး    မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊   ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့်ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်မှ        သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ           ရုံးဌာန အသီးသီးမှ အရာရှိ၊  စစ်သည်များနှင့်   မိသားစုဝင်များ တက်ရောက်ကြသည်။

 


မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိ


 ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    အမှာစကားပြောကြားရာတွင် “သစ်တောနှင့် သစ်ပင် ချစ်ခင်သည့်လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး”   ဟူသည့်   ဆောင်ပုဒ် အတိုင်းသစ်တောများနှင့် သစ်ပင်များကို အမြတ်တနိုး တန်ဖိုးထားပြီး   ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ထပ်မံစိုက်ပျိုးခြင်းများသည်    တိုင်းပြည်တစ်ပြည် အတွက် ကောင်းကျိုးများစွာကို  ဖန်တီးပေးခြင်းပင် ဖြစ်ကြောင်း၊  ထို့ကြောင့်လည်း ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်အနေဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် များကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုဆိုပါက ဆယ်စု နှစ်တစ်ခုကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ သစ်တောသယံဇာတများ   ရေရှည်တည်တံ့စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်      အဖိုးတန် ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရေး  ယခုကဲ့သို့   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် များကို     အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။
ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်း ကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေ ဖြင့်   ၂၀၁၁   ခုနှစ်မှ၍   မိုးရာသီသစ်ပင်စိုက်ပွဲများ ပြုလုပ်၍   စိုက်ပျိုးခဲ့ကြရာတွင်   အပင်စုစုပေါင်း ၁၈၀၀၀၀ ကျော်ကို   စိုက်ပျိုးနိုင်ခဲ့ပြီး   အပင်ရေ တစ်သိန်းကျော်   ရှင်သန်သည်ကို  တွေ့ရှိရကြောင်း၊ တပ်မတော်တစ်ရပ်လုံးအနေဖြင့်ဆိုပါက ၂၀၁၁ ခုနှစ် မှ ၂၀၂၂ အထိ စုစုပေါင်းသစ်ပင်  ၂၁  သန်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး  အပင်ရေ ၁၅ သန်းကျော် ရှင်သန် သဖြင့် ၇၀ ရာခိုင်နှုန်းကျော် ရှင်သန်သည်ကို တွေ့ရှိရ ကြောင်း၊   မိမိတို့နိုင်ငံသည်  သဘာဝသယံဇာတ များစွာကို ပိုင်ဆိုင်ထားရှိပြီး စိုက်ပျိုးရေးကို အဓိက ထား ဆောင်ရွက်ကြကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ရေသည်အဓိက အရေးကြီး ကြောင်း၊ “ဥတုရာသီ တောကိုမှီ” ဟူသည့်အတိုင်း သစ်တောသစ်ပင်များသည် ရာသီဥတုကို ကောင်းစေ ပြီး ရေကိုလည်း  ထိန်းပေးနိုင်ကြောင်း၊ ထို့ကြောင့် သစ်ပင်များစိုက်ပျိုးရာတွင်  ရှင်သန်အောင်စိုက်ပျိုးရန် နှင့်  ရေရှည်ကြီးထွားစေရေး  ဆက်လက်ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း။

 


နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် အရိပ်အာဝါသနှင့် လုံခြုံမှုကို ပေးစွမ်းမည်ဖြစ်


သစ်တောတစ်ခုကို  ဖန်တီးမည်ဆိုပါက အနည်း ဆုံး ဆယ်နှစ်နှင့်အထက် ကြာမြင့်မည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များသည်  ချက်ချင်းအကျိုးမပြုနိုင်သော် လည်း    နောင်မျိုးဆက်သစ်များအတွက်  အရိပ် အာဝါသနှင့်   လုံခြုံမှုကို   ပေးစွမ်းမည်ဖြစ်ကြောင်း၊ ရှေးဘိုးဘွားဘီဘင်များ စိုက်ပျိုးခဲ့ကြသဖြင့် မိမိတို့ ယခုကဲ့သို့ စိမ်းလန်းသာယာစိုပြည်သည့် ပတ်ဝန်းကျင် နှင့်    ရာသီဥတုတွင်   နေထိုင်နိုင်ကြသည်ကို ဆင်ခြင် သတိပြုမိကြရန်လိုကြောင်း။

 


နေပြည်တော်ကို  Green City အဖြစ် အစဉ်အမြဲ လှပနေစေရေး စိမ်းလန်းစိုပြည်ရေးနှင့်  သာယာလှပ ရေးလုပ်ငန်းများကို မြို့တည်ထောင်ပြီးချိန်မှ ယနေ့ တိုင်     စဉ်ဆက်မပြတ်   ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်မြို့ပြ        စတင်တည်ထောင်ချိန်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်ပန်းမန်များနှင့် အရိပ်ရပင်များ ကိုထိန်းသိမ်းမှုကြောင့် ရှင်သန်နေသည့် သစ်တော များသည်   ယနေ့တွင် မြင်ရသူအပေါင်းကို စိတ်နှလုံး အေးချမ်းအောင်    ဖန်တီးနိုင်ခဲ့သည်ကို   တွေ့ရမည်ပင် ဖြစ်ကြောင်း၊    မြို့တစ်မြို့ကို      စိမ်းလန်းစိုပြည်အောင် ဆောင်ရွက်ခြင်းမှ   နိုင်ငံတစ်နိုင်ငံလုံး  လွှမ်းခြုံမှုရှိ အောင်  ဆောင်ရွက်နိုင်မည်ဆိုပါက  မိမိတို့နိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့်           သဟဇာတကျအောင် နေနိုင်မည်ဖြစ်ပြီး  မလိုလားအပ်သည့်    သဘာဝဘေး အန္တရာယ်များကို            ကျော်လွှားနိုင်မည်လည်း  ဖြစ်ကြောင်းကို       အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး ပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ       ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊    ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အခမ်းအနားတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက  သတ်မှတ်နေရာအသီးသီး တွင်   သစ်ပင်များကို    စိုက်ပျိုးကြသည်။   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဇနီးနှင့်   အဖွဲ့ဝင်များသည် အရာရှိ၊  စစ်သည်  မိသားစုများ၏  စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုအား   လှည့်လည်ကြည့်ရှုအားပေးကြ သည်။

 


၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်
သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင် ၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၉၁၈၉ ပင်ကို စိုက်ပျိုးခဲ့ပြီးဖြစ်


ယနေ့ပြုလုပ်သည့်      ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)   မိသားစုများ၏   ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင်       ရတနာတန်းဝင်ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃၅၂၈ ပင်ကို   စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌  သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ပထမအကြိမ်သစ်ပင်စိုက်ပျိုး ပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် (၃၆) ကြိမ် ကျင်းပ ပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်နှင့် အရိပ်ရလေကာပင်   စုစုပေါင်း ၁၈၉၁၈၉  ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

 


တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၂၁၀၃၉၈  ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့


အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌ လည်း မိုးရာသီ သစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာ တန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံး သီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုး ကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၁၁၄၇၀၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌    ၁၄၉၈၆   ပင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၌ ၉၁၃၅ ပင်၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်၌  ၁၀၂၂၅ ပင်၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၌  ၂၃၈၃၅  ပင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၌ ၁၄၈၇၅ ပင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၌ ၁၃၆၉၅ ပင်၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၌ ၁၃၁၂၁ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၆၇၁၀၊  အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၈၉၀၆ ပင်၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၆၂၈၉ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၈၇၆၁ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌      ၃၇၈၈၀   နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌   ၆၉၈၂  ပင်တို့ကို  တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုး ခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင်   စုစုပေါင်းသစ်ပင်  ၂၁၀၃၉၈  ပင်ကို  စိုက်ပျိုးခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်