
သီပေါ ဇွန် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ ပညာရေး ဌာနသို့ ပလတ်စတစ်ထိုင်ခုံများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်ထောက်ပံ့ ကြေးငွေများ ပေးအပ်လှူဒါန်းခြင်း ကို ယနေ့ နံနက်ပိုင်းက အသင်းရုံး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဝန်ထမ်း ပေါင်းစုံသမဝါယမအသင်း လီမိ တက်ဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်းမှရရှိသော အတိုးငွေများ ဖြင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်း၊ အသင်းသားများ အား အမြတ်ငွေများခွဲဝေပေးခြင်း၊ အငြိမ်းစား ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာများမှ လိုအပ်လျက်ရှိ သော ထိုင်ခုံများအား အလှည့်ကျ စနစ်ဖြင့် လှူဒါန်းပေးလျက်ရှိပြီး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက ကျေးဇူးတင် စကားပြောကြားပြီး အသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ထိုင်ခုံများနှင့် ပညာသင်ထောက်ပံ့ ကြေးငွေများကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်မိုး၊ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူများကို ပေးအပ်လှူဒါန်းသည်။
မြို့နယ် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း အနေဖြင့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ပလတ် စတစ်ထိုင်ခုံ အလုံး ၂၇၀ ကိုလည်း ကောင်း၊ အသင်းသားများ၏ သား သမီးများ မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူများအတွက် ငွေကျပ် သိန်း ၄၀ ကို လည်းကောင်း၊ တက္ကသိုလ်နှင့် အဝေးသင် ကျောင်းသား ကျောင်းသူများ အတွက် ငွေကျပ်သိန်း ၂၀ ကို လည်းကောင်း စုစုပေါင်း ငွေကျပ် သိန်း ၉၀ ကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
စိုင်း(သီပေါ)