ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်  ဘေးသင့်ပြည်သူများအတွက် SMS စာတိုဖြင့်  လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

၁။    မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော  စေတနာရှင် ပြည်သူများအနေဖြင့် လှူဒါန်းမှုများ ပြုလုပ်ရာ တွင် ပိုမိုအဆင်ပြေစေရေးအတွက် ပြည်သူများ အသုံးပြုမှု များပြားသည့်    မိုဘိုင်းတယ်လီဖုန်းများမှတစ်ဆင့်    SMS (စာတို) ဖြင့် လှူဒါန်းငွေများ ပေးပို့နိုင်ရေးဆောင်ရွက်သွား မည်ဖြစ်ပါသည်။
၂။    ထိုသို့လှူဒါန်းရာတွင် မိုဘိုင်းသုံးစွဲသူ စေတနာရှင် ပြည်သူ များအနေဖြင့်  မိမိတို့၏  အသုံးပြုနေသည့် မိုဘိုင်းဖုန်းများမှ တစ်ဆင့်  9090  သို့  500  ဟု  SMS  ပေးပို့၍  တစ်ကြိမ်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၇-၆-၂၀၂၃ ရက်နေ့မှစ၍ လှူဒါန်းနိုင် ပါကြောင်း အသိပေးကြေညာအပ်ပါသည်။