ပဲနွယ်ကုန်း - နတ်သံကွင်း - ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း) အား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော်  ဇွန်  ၇
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာန အဆောက်အဦများ၊   စာသင်ကျောင်းများ၊   အများ ပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား   မီးရှို့ဖျက်ဆီးခြင်း၊    မိုင်းထောင် ဖောက်ခွဲခြင်း၊  ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို  နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၆ ရက် နံနက် ပိုင်းတွင်   ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်  နတ်သံကွင်းကျေးရွာ၏ အနောက်ဘက်ရှိ  ပဲနွယ် ကုန်း - နတ်သံကွင်း - ကျောက်ကြီး ကားလမ်းပေါ်ရှိ ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် အရှည်ပေ ၇၂၀ အကျယ် ပေ ၃၀ စစ်တောင်းမြစ်ကူး တံတား (နတ်သံကွင်း) အား KNLA အဖွဲ့မှ အကြမ်း ဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများက       မိုင်းထောင်ဖောက်ခွဲမှုကြောင့် နတ်သံကွင်း        ကျေးရွာဘက်ခြမ်းတံတား၏ ကမ်းကပ်ခုံနှင့် ကပ်လျက် ပေ ၁၃၀ ခန့် ပြိုကျပျက်စီး ခဲ့သည်။ 
အလားတူ   အကြမ်းဖက်သမားများအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေး ပင်မြို့နယ်၊   ထန်းတပင်မြို့နယ်၊   ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တို့အတွင်းရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့မှုအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှ ယနေ့အထိ (၂၂) ကြိမ် ရှိပြီဖြစ်ကြောင်း သိရှိရ သည်။
အကြမ်းဖက်သမားများအနေဖြင့်  ကျေးရွာသူ ကျေးရွာသားများအား  သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး      ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို   ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးနှင့် မသက်ဆိုင်သော   အများပြည်သူ  အသုံးပြုလျက်ရှိ သည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း သည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်း ဖြစ်သည်။
 အဆိုပါ   မိုင်းခွဲဖျက်ဆီးမှုကြောင့်  လက်ရှိတွင် လူနှင့် မော်တော်ယာဉ်များ သွားလာ၍ မရကြောင်းနှင့် တံတားပျက်စီးမှုအား  သက်ဆိုင်ရာ   လမ်း/တံတား ဦးစီးဌာနမှ    တာဝန်ရှိသူများနှင့်   ဝန်ထမ်းများက အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism  Operation)  ကို  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  သတင်းစဉ်