ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဇွန်   ၇
နိုင်ငံတော်    စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်    ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို    သဘာဝဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်        ကြေညာချက်များ ထုတ်ပြန်၍     ယင်းကြေညာချက်များပါ ဒေသများတွင်    ပြန်လည်ထူထောင်ရေး လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန်  ဒေသ အလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
စားရေရိက္ခာများ ထောက်ပံ့ပေးအပ်
ထိုသို့         ပြန်လည်ထူထောင်ရေး လုပ်ငန်းများ     ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့ တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး  လူအေးနှင့်   အဖွဲ့ဝင်များ သည်  (အပေါ်ပုံ) ကျောက်ဖြူမြို့ ပိုက်ဆိပ် ရပ်ကွက်ရှိ အောင်မင်္ဂလာ    ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍   နယ်လှည့် ဆေးကုသရေး အဖွဲ့များက           ဒေသခံ ပြည်သူများအား  ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို    ကြည့်ရှုအားပေးပြီး စားရေရိက္ခာများ     ထောက်ပံ့ပေးအပ်ခဲ့ သည်။ 
ကျန်းမာရေးစောင့်ရှောက်
အလားတူ      ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့်   ကာကွယ်ရေးဦးစီးချုပ် ရုံး  (ကြည်း)မှ    ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့်              တာဝန်ရှိသူများ သည်  (အပေါ်ယာပုံ)  လမ်းမဘုန်းတော် ကြီးကျောင်းရှိ  ဓမ္မာရုံ၌ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ      ဒေသခံပြည်သူများအား    ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ     ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး  မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့်  ဘုန်းတော်ကြီး ကျောင်းများကို ပြန်လည် ပြုပြင်ရန်လိုအပ်သော    အမိုးသွပ်များ၊  ဆွမ်းဆန်တော်များနှင့် နဝကမ္မ အလှူငွေ များအား ကျောင်းထိုင်ဆရာတော်များထံ   သွားရောက်ဆက်ကပ် လှူဒါန်းသည်။
ထို့ပြင် ကုလားတန် (၃) သင်္ဘောဖြင့် ရောက်ရှိလာသော ဆန်များအား စားသုံး သူရေးရာဂိုဒေါင်သို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊      မီးသတ် တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကုန်တင်/ ကုန်ချ လုပ်သားများဖြင့်  သယ်ယူပို့ဆောင်နေမှု ကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားသည်။
ဒေသခံများအား ထောက်ပံ့
ထို့အတူ တီးတိန်မြို့သို့ ရောက်ရှိနေ သော ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့်  တာဝန်ရှိ သူများသည်      ပလက်ဝမြို့အတွင်းရှိ ပျက်စီးသွားသော နေရာများသို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်း ခန်းမ၌      လေဘေးသင့်ကျေးရွာများရှိ ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်း များ ပေးအပ်ခဲ့သည်။  
ပြည်သူများထံ အမြန်ရောက်ရှိရေး
အလားတူ   ရခိုင်ပြည်နယ်   မြေပုံမြို့ သို့    ရောက်ရှိနေသော  ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ သဘာဝဘေးပြန်လည်ထူထောင် ရေးကော်မတီနှင့် အလှူရှင်များ ထောက်ပံ့ သည့် ထောက်ပံ့ရေးပစ္စည်းများ လေဘေး သင့်ပြည်သူများထံသို့ အမြန်ရောက်ရှိရေး အစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ စားရေရိက္ခာနှင့် ထောက်ပံ့ ပစ္စည်းများ ဖြန့်ဖြူးရေးကော်မတီဝင်များ အား ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
နေအိမ်များ တည်ဆောက်ပြီး
ထို့အတူ ရခိုင်ပြည်နယ် မောင်တော မြို့သို့  ရောက်ရှိနေသော   ဗိုလ်မှူးချုပ် တင်ဆွေသည်   တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့အတွင်း      မုန်တိုင်းဒဏ် ကြောင့်  ပျက်စီးခဲ့သော  နေအိမ်များအား တည်ဆောက် ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ယာယီတဲ များအတွင်း  နေထိုင်လျက်ရှိသော ဒေသခံ ပြည်သူများအား   ရင်းရင်းနှီးနှီး   တွေ့ဆုံ အားပေးစကား ပြောကြားပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် အင်းဒင်ကျေးရွာအုပ်စု အောင်သုခကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ လေဘေးကြောင့်      ပြိုလဲပျက်စီးခဲ့သော ကျောင်းတော်ကြီးအား     ပြုပြင်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ သည်။
လက်ဝယ်အရောက်  ထောက်ပံ့
ထို့ပြင် ဇွန် ၆ ရက်တွင် ချင်းပြည်နယ် ပလက်ဝမြို့သို့  ရောက်ရှိနေသော ဗိုလ်မှူး ချုပ်  နေဝင်းအောင်သည်  တာဝန်ရှိသူများ နှင့်အတူ   ပလက်ဝမြို့  ရွာမရပ်ကွက်ရှိ   အုပ်ချုပ်ရေးမှူးရုံး၌ လေဘေးသင့်ကျေးရွာ ၄၄ ရွာမှ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် စားသောက်ကုန်ပစ္စည်း များနှင့်   ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီး ဌာနမှ ပေးအပ်သော Family Kit ၁၄၄ ပုံး တို့ကို လေဘေးသင့်ပြည်သူများ  လက်ဝယ် အရောက်    ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (ဝဲပုံ)         သတင်းစဉ်