
နေပြည်တော် ဇွန် ၇
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများ တွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင် ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထား သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေး အဖွဲ့များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ စစ်တွေမြို့ ကားလမ်းတစ်လျှောက်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများနှင့် ဒေသခံပြည်သူများအား ထောက်ပံ့ ရေးပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မင်းကန်ကျေးရွာ အတွင်းရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် လှမချေကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ပန်းတောပြင် ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် သောက်သုံးရေ ပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ ကျောက်ဖြူ လေဆိပ်၌ သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့် ဆေး ကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ကွက် ၂ အတွင်း ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိ နေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်တော်မြို့ရှိ ဒေသခံပြည်သူများအား သောက်ရေသန့်များ ပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူး ဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ အခြေပြု၍ နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ သိန်းတန်ကျေးရွာမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။ သတင်းစဉ်