
နေပြည်တော် ဇွန် ၇
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၏ စားသောက်ရေးအဆင်ပြေစေ ရန်နှင့် မိမိတို့ အလိုရှိရာ စားသောက်ကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေး အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် လည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံ ၌ ဆန်၊ ဆီ၊ ဆား၊ အသား/ငါး ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန် နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ် နှင့် စည်သွတ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ် စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန် အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စား ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်း များနှင့် အိမ်ဆောက်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာ သော ဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း မိသားစုများက တစ်ခဲနက် ဝယ်ယူ အားပေးကြသည်။
ယခုကဲ့သို့ စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်