ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့သို့ ရောက်ရှိ

 

နေပြည်တော်    ဇွန်    ၇
ပညာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည်    အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာဇန်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိရာ Shukshin   တက္ကသိုလ်မှ    တာဝန်ခံပါမောက္ခချုပ် Elena Viktorovna Guselnikova၊ တာဝန်ခံ ဒုတိယ ပါမောက္ခချုပ် Dr. Mikhail Sergeevich Vlasov နှင့် ညွှန်ကြားရေးမှူး    Dr.   Natalya   Grigoryevna Vinogradova တို့က လေဆိပ်တွင် လာရောက်ကြိုဆို နှုတ်ဆက်ကြသည်။ 
ညနေပိုင်းတွင်     ပြည်ထောင်စုဝန်ကြီးသည် National Library of the Republic of Tatarstan သို့ သွားရောက်၍ စာအုပ်ငှားရမ်းမှုစနစ်၊ စာဖတ်ခန်း များ၊ စာအုပ်ဟောင်းများ ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုလေ့လာသည်။ 
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် “Uram” အားကစားရွာသို့ရောက်ရှိပြီး လူငယ်များ အားကစား လေ့ကျင့်နေမှုကို  လည်းကောင်း၊    DJ School   သို့ လည်းကောင်း   သွားရောက်လေ့လာရာ   တာဝန်ရှိ သူများက   လိုက်လံရှင်းလင်းပြသခဲ့ကြောင်း   သိရ သည်။                                         သတင်းစဉ်