လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

 

နေပြည်တော်   ဇွန်   ၇
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်ပြည်လုံးအတွက်    တစ်ပြိုင်တည်း   တစ်ရက်တည်းဖြင့်   အပြီးထုတ်ပြန်ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန များ၏ အောင်စာရင်းများကို ဇွန် ၉ ရက် နံနက် ၆ နာရီတွင်  မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။                


ထုတ်လွှင့်ပေးမည့် စာစစ်ဌာနများမှာ  ကချင် ပြည်နယ်မှ  ဝိုင်းမော်၊  တနိုင်း၊  ချီဖွေ၊  ဖားကန့်၊ မိုးမောက်၊ ပူတာအို၊ ခေါင်လန်ဖူး၊ မချမ်းဘောနှင့် နောင်မွန်စာစစ်ဌာန၊ ကယားပြည်နယ်မှ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့ စာစစ်ဌာန၊ ကရင် ပြည်နယ်မှ လှိုင်းဘွဲ့၊ သံတောင်၊ ဖာပွန်၊ ကြာအင်း ဆိပ်ကြီးနှင့်   မြဝတီစာစစ်ဌာန၊   ချင်းပြည်နယ်မှ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက် လက်၊ မတူပီနှင့် ပလက်ဝစာစစ်ဌာန၊  ရခိုင်ပြည်နယ် မှ  မောင်တောနှင့်  ဘူးသီးတောင်စာစစ်ဌာန၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း)မှ မိုင်းခတ်၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း၊   မိုင်းဆတ်၊    မိုင်းတုံ၊    မိုင်းဖြတ်နှင့် မိုင်းယောင်းစာစစ်ဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှ   ကွမ်းလုံ၊   ဟိုပန်၊   လောက်ကိုင်၊    မိုးမိတ်နှင့်   မဘိန်းစာစစ်ဌာန၊  ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ပင်လောင်း၊   မိုင်းကိုင်၊   ကွန်ဟိန်း၊   မိုးနဲ၊  မိုင်းရှူး၊ ကျေးသီးမံစံ၊  မိုင်းပန်နှင့်  မောက်မယ်စာစစ်ဌာန၊ တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစု၊ ပုလောနှင့် ဘုတ်ပြင်းစာစစ်ဌာန၊    မကွေးတိုင်းဒေသကြီးမှ   စေတုတ္တရာ၊  ငဖဲ၊  ပခုက္ကူ၊  ရေစကြို၊  မြိုင်၊  ပေါက်၊ ဂန့်ဂေါနှင့်   ထီးလင်းစာစစ်ဌာန၊  စစ်ကိုင်းတိုင်း ဒေသကြီးမှ   မင်းကင်း၊   ကလေးဝ၊  ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ အရာတော်၊ ချောင်းဦး၊ ကနီ၊ ဆားလင်းကြီး၊   ကသာ၊   ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊  မော်လိုက်၊   ဖောင်းပြင်၊   ခန္တီး၊   ဟုမ္မလင်း၊  လေရှီး၊ လဟယ်နှင့် နန်းယွန်းစာစစ်ဌာန၊  ရန်ကုန်တိုင်းဒေသ ကြီးမှ ကိုကိုးကျွန်းစာစစ်ဌာနတို့ ဖြစ်သည်။ 
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်းဒေသ လမ်းပန်းဆက်သွယ်ရေး  ခက်ခဲသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းတို (၅၀ ဒသမ ၇၁ မီတာ)၊ ( ၅၉၁၅ ကီလို ဟက်ဇ်) မှ လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်း ဒေသကြီးနှင့်    ပြည်နယ်များရှိ   စာစစ်ဌာနများ အတွက် လှိုင်းလတ် (၄၁၁ ဒသမ ၅၂ မီတာ)၊ (၇၂၉ ကီလိုဟက်ဇ်)မှလည်းကောင်း ဖမ်းယူနားဆင်နိုင် ပါကြောင်း သတင်းရရှိသည်။              သတင်းစဉ်