ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အား နယူးဒေလီမြို့ရှိ တောင်အာရှနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

 

နေပြည်တော်   ဇွန်   ၇


ပြန်ကြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်းအား အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ရှိ       တောင်အာရှနိုင်ငံခြား သတင်းထောက်များအသင်း ဥက္ကဋ္ဌ Mr.Shirumalla Venkat Narayan နှင့် အဖွဲ့က  ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင် စုဝန်ကြီး၏        ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

 


ရင်းရင်းနှီးနှီးဆွေးနွေး


တွေ့ဆုံစဉ်  အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ The Global New Light of Myanmar  သတင်းစာ အဆင့်မြှင့်တင်ပြောင်းလဲရေးနှင့် နှစ်နိုင်ငံ  နယ်စပ်ကုန်သွယ်ရေး သတင်းများ ထည့်သွင်းဖော်ပြပေး ရေး၊ အိန္ဒိယနိုင်ငံ၌  ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းကျောင်း များတွင် မြန်မာနိုင်ငံမှ သင်တန်း သားများ ပိုမိုတက်ရောက်နိုင်ရေး၊ ပြည်ပမီဒီယာများ    စိတ်ဝင်စား သည့်သတင်းနှင့် သတင်းပုံစံကျ ဖော်ပြနိုင်ရန်     ဆောင်ရွက်ရေး၊ သတင်းမီဒီယာကဏ္ဍ  ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက်     နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ   လက်မှတ် ရေးထိုးနိုင်ရေး၊  နိုင်ငံပိုင်မီဒီယာ နှင့်   လွတ်လပ်သည့်   မီဒီယာ ဟန်ချက်ညီညီ  ပူးပေါင်းဆောင် ရွက်နိုင်ရေး၊   နှစ်နိုင်ငံသတင်း သမားများ အပြန်အလှန်လည်ပတ် ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်း နှီးနှီး ဆွေးနွေးခဲ့ကြသည်။

 


တက်ရောက်


တွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီး ဦးရဲတင့်၊    အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြ သည်။                      

သတင်းစဉ်