
နေပြည်တော် ဇွန် ၇
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်း တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး (သက်တော် (၉၄) နှစ်၊ သိက္ခာတော် (၇၄) ဝါ) သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇)ရက်၊ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက် (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
အဆိုပါ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓု ကီဠန ပူဇာသဘင်အခမ်းအနားကို နာယကဆရာတော်ကြီးများ၏ ဩဝါဒများခံယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အဆင့် အခမ်း အနားအဖြစ် ဇွန် ၆ ရက်နေ့တွင် အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာ သဘင်အခမ်းအနားကို အန္တိမပူဇာသဘင်ဆင်ယင်ခြင်း၊ ချမ်းမြသာစည် ဈာပနပကွင်းသို့ ကရဝိက်ယာဉ်တော်ဖြင့် ပင့်ဆောင်ခြင်း၊ အန္တိမ ဈာပနပူဇာသဘင်ဆင်ယင်ခြင်း၊ ယနေ့တွင် သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များအား ဧရာဝတီမြစ်၊ မရမ်းခြံဆိပ်ကမ်း၌ ရေမျှောပူဇော် ခြင်းအခမ်းအနားတို့ဖြင့် စည်းကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့သည်။
ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနား၏ အန္တိမပူဇာသဘင်တွင် သံဝေဂဉာဏ် ပွားတော်မူ ကြောင်း သဝဏ်လွှာကိုဖတ်ကြားပူဇော်ခဲ့သည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ ဓမ္မ သံဝေဂကထာတရားမြွက်ကြား တော်မူခဲ့သည့် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက အဂ္ဂမဟာ ပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသနှင့် အခမ်းအနားသို့ ကြွရောက်တော်မူသည့် နိုင်ငံတော် ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ဆရာ တော်ကြီးများ၊ ရဟန်းသံဃာများနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အားလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော် ဘုရားကြီး၏ အန္တိမ အဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား အား နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ သည့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့နှင့် မြို့နယ်သံဃနာယက အဖွဲ့များမှ ဆရာတော် သံဃာတော်များ၊ ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီအသီးသီးမှ တာဝန်ရှိသူများအား လည်းကောင်း၊ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ တက်ရောက်ပူဇော် ခဲ့ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန် ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တိုင်းအဆင့် ဌာန ဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဝတ်အသင်း အဖွဲ့များ၊ ဘာသာပေါင်းစုံ အသင်းအဖွဲ့များ၊ ကရဝိက်ဖောင်တော်၊ ဒေဝါဝင်း၊ ရာဇာဝင်းဖြင့် ပါဝင်ပူဇော်ပေးပါသော အားကစားနှင့်ကာယ ပညာသိပ္ပံ(မန္တလေး) မှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဥပါသကာများ၊ သံဝေဂဂါထာဖြင့် ပူဇော်ပေးသည့် မန္တလေးသိန်းဇော်နှင့် အနုပညာရှင် များအား လည်းကောင်း၊ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပအကြီးအကဲများနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား လည်းကောင်း၊ ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနားတွင် လောင်တိုက်တော်နှင့် မဏ္ဍပ်များမှအစ စနစ်တကျစီမံပေးပါသော ဆရာတော်အရှင်သူမြတ်များနှင့် အနယ် နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရား ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားနှင့် သရီရ ဓာတုပဝါ ဟနပူဇာ ဓာတ်ပြာတော်များအား ရေမျှောပူဇော်ခြင်း အခမ်းအနားများအား တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပေးပါသော ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြား၊ SKY NET နှင့် အခမ်းအနားအောင်မြင်စွာကျင်းပ နိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ဗန်းမော်ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကျင်းပရာ စံကျောင်းတော်နှင့် ချမ်းမြသာစည် ဈာပနကွင်းသို့ ပင့်ဆောင်ပူဇော်ရာ တွင် လမ်းဘေးဝဲယာတစ်လျှောက်မှ စနစ်တကျနှင့် စည်းကမ်းရှိစွာ ဂါရဝပြု ဖူးမြော်ကြည်ညိုခဲ့ကြသည့် ပြည်သူများ၊ သရီရ ဓာတုပဝါဟန ပူဇာ ဓာတ်ပြာတော်များအား ရေမျှောပူဇော်ခြင်းအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြသူများနှင့် စေတနာသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းခဲ့ကြသူများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီ