သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများ၌ တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်    ဇွန်    ၆
သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသ များတွင်    လိုအပ်သည့်     ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင် ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည်     နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊     လူမှု ကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာ ဒေသများ၌ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ   ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေး အဖွဲ့များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံ  မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ    ပူးပေါင်း၍ စစ်တွေမြို့၊ ကားလမ်းတစ်လျှောက်ရှိ လဲကျနေသော  သစ်ပင်၊  သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း  လုပ်ငန်းများနှင့် လိုအပ်သော ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 
အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်   ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကံဒိုင်းအောင်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  
ထို့အတူ   မောင်တောမြို့သို့  ရောက်ရှိနေသော  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်    ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ မောင်တောမြို့ရှိ လုံခြုံ ရေး    တပ်ဖွဲ့ဝင်များနှင့်    ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။  
အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်       နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့်ပူးပေါင်း၍ ရသေ့တောင်မြို့ရှိ သာသနာ့ဗိမာန်ကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။  
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငကျင်တောက် ကျေးရွာရှိ     လမ်းဘေး ဝဲ/ယာမှ      လဲကျနေသော သစ်ပင်၊  သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်း  လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။   
အလားတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသော  ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နန်တော်ကုန်းရှိ လမ်းဘေး   ဝဲ/ယာမှ    လဲကျနေသော    သစ်ပင်၊ သစ်ကိုင်း     ခုတ်ထွင်ရှင်းလင်းခြင်း    လုပ်ငန်းများ ဆောင်ရွက်ပေးပြီး    ပေါင်းထုပ်ကျေးရွာရှိ   ဒေသခံ ပြည်သူများအား     နယ်လှည့်ဆေးကုသရေးအဖွဲ့မှ  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ 
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေး ဝန်ထမ်းညွှန်ကြားရေးမှူးရုံး       ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့်    ဖွဲ့စည်းထားသည့်    အထူး ဆေးကုသရေးအဖွဲ့သည်    စစ်တွေမြို့ရှိ    နယ်မြေခံ ဆေးတပ်ရင်း၌ အခြေပြု၍  နယ်မြေခံကျန်းမာရေး အဖွဲ့များနှင့်   ပူးပေါင်းကာ  အမြင့်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ 
သတင်းစဉ်