မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ ဝမ်းနည်းခြင်းသဝဏ်လွှာ

 

ဝမ်းနည်းခြင်းသဝဏ်လွှာ
၂၀၂၃ ခုနှစ် မေလ ၂၆ ရက်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက)ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ(ဗန်းမော်ဆရာတော်ကြီး)သည် ၂၀၂၃ ခုနှစ် မေလ ၂၅ ရက် ကြာသပတေး နေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်တွင် ပျံလွန်တော်မူကြောင်းသိရှိရပါသဖြင့် ဗုဒ္ဓဘာသာဝင်ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
ဆရာတော်ကြီး၏ ဗုဒ္ဓဘာသာအကျိုး ဆောင်ရွက်ချက်များနှင့်အတူ နိုင်ငံတွင်းရှိ ပြည်သူများအကြား စည်းလုံးညီညွတ်ရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်ချက်များသည်လည်း ဂုဏ်ပြုလေးစား ဖွယ်ရာ စံနမူနာကောင်းအဖြစ် သမိုင်းဝင်လျက် ရှိနေမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး