ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့် ဆီ ဖြန့်ဖြူးရောင်းချ

 

ဘားအံ   ဇွန်    ၆
ကရင်ပြည်နယ်အစိုးရအဖွဲ့၏  ညွှန်ကြားချက်အရ ဌာနဆိုင်ရာဝန်ထမ်းများ     သက်သာချောင်ချိရေး အတွက်   ပြည်နယ်သမဝါယမဦးစီးဌာန   အစီအစဉ် ဖြင့်    နိုင်ငံ့စီးပွား   မြှင့်တင်ရေးရန်ပုံငွေမှ   မတည် ထောက်ပံ့ငွေ ရယူဆောင်ရွက်လျက်ရှိသော ဒေသ တွင်း ဆန်/ဆီ လုပ်ငန်းရှင် သမဝါယမအသင်းသား များ၏  ထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့်  ဒေသ တွင်း  ကုန်ထုတ်လုပ်မှု  မြင့်မားစေရန်  ရည်ရွယ်၍ ထွက်ရှိလာသော ဆန်နှင့် ဆီများကို ပြင်ပပေါက်ဈေး ထက် သက်သာသောနှုန်းထားဖြင့် လစဉ်ရောင်းချ ပေးခဲ့သည်။
ကရင်ပြည်နယ်  ဌာနဆိုင်ရာ  ၂၁  ခုရှိ ဝန်ထမ်း များအား ပေါ်ဆန်းမွှေးဆန်  ပြည် 3920 (တန်ဖိုး ငွေကျပ် ၁၃၀၀၅၇၀၀)  နှင့်  မြေပဲဆီ  ပိဿာ ၁၄၀ (တန်ဖိုးငွေကျပ် ၁၉၆၀၀၀၀) တို့ကို ဖြန့်ဖြူးရောင်းချ ပေးခဲ့ပြီး ဝန်ထမ်းများ  သက်သာချောင်ချိရေးအတွက် စဉ်ဆက်မပြတ်              ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်