နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော်    ဇွန်    ၆


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့   ဥက္ကဋ္ဌ  မန္တလေးတိုင်းဒေသကြီး   မဟာအောင်မြေမြို့နယ်မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီးသည်သက်တော် (၉၄)နှစ်၊  သိက္ခာတော်(၇၄) ဝါအရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇) ရက်၊ ၂၀၂၃ ခုနှစ်၊ မေ   ၂၅   ရက်  (ကြာသပတေးနေ့)၊  ည ၁၁ နာရီ ၁၁  မိနစ်တွင်  ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး  အန္တိမ အဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်      အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။ 

 


အဆိုပါအန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင် အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မြို့၊ မင်းကျောင်းပထမ ပြန်  စာသင်တိုက်   ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ   အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊   အဘိဓဇ  အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ဆရာ တော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူ လှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး   ရဲဝင်းဦးနှင့်ဇနီး၊   ကောင်စီအဖွဲ့ဝင်  ဒုတိယ ဗိုလ်ချုပ်ကြီး   ရာပြည့်၊   ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊  အလယ်ပိုင်းတိုင်း  စစ်ဌာနချုပ်   တိုင်းမှူးနှင့် ဒါယကာ   ဒါယိကာမများ၊   ရဟန်းသံဃာများနှင့် သာသနာ့နွယ်ဝင်သီလရှင်များ၊ ဝတ်အသင်းအဖွဲ့များ၊ ဘာသာပေါင်းစုံ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြသည်။

 


ရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ပူဇော်


ဦးစွာ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်    အခမ်းအနားတက်ရောက် လာကြသည့်    ဧည့်ပရိသတ်များက   ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်၊     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးကိုကို၊    မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်း တိုင်း  စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်ကိုကိုဦးတို့က ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ် တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်သည်။

 


ဝမ်းနည်းကြောင်းသဝဏ်လွှာ ဖတ်ကြား


ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၏ သံဝေဂပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော်ကြီးက ဖတ်ကြား ပူဇော်သည်။ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏    ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီးက     ဖတ်ကြားပူဇော်သည်။ ဆက်လက်ပြီး ပြည်တွင်း၊ ပြည်ပအကြီးအကဲများနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ပေးပို့ သည့်   ဝမ်းနည်းကြောင်း   သဝဏ်လွှာများအနက် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်မှ ပေးပို့သည့် ဝမ်းနည်း ကြောင်း သဝဏ်လွှာနှင့်  သီရိလင်္ကာနိုင်ငံ   အမရပူရ သံဃကောင်စီဥက္ကဋ္ဌ  ဆရာတော်ကြီးမှ  ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ   တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ ပုပ်ရဟန်းမင်းကြီး  ဖရန်စစ်မှ ပေးပို့သည့် ဝမ်းနည်း ကြောင်း   သဝဏ်လွှာကို   ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်    ရဟန်းအမတ်   ကာဒီနယ် ချာလ်းစ်ဘိုကလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက    ပေးပို့သည့် ဝမ်းနည်းကြောင်း  သဝဏ်လွှာကို   ဦးဝဏ္ဏရွှေက လည်းကောင်း၊ The Buddhist Association of China မှ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို  တိုင်းဒေသကြီး  အစိုးရအဖွဲ့မှ   တာဝန်ရှိသူ တစ်ဦးကလည်းကောင်း    အသီးသီး    ဖတ်ကြား ပူဇော်ကြသည်။ 

 


လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင် မင်းကျောင်းဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အခမ်းအနား တက်ရောက်လာ ကြသူများက  ဆရာတော်၊  သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေ


ထို့နောက်    နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မန္တလေးမြို့   မစိုးရိမ်တိုက်သစ်    မဟာနာယက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသထံမှ ဓမ္မသံဝေဂကထာ တရား နာကြားပြီး သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ မှ   ရေစက်သွန်းချတရားနာယူ၍   လှူဒါန်းမှုအစုစု အတွက် အမျှပေးဝေကြသည်။   
၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကို အခမ်းအနားမှူးက ဖတ်ကြားပူဇော်သည်။

 


နောက်ဆုံးတောင်းပန် ကန်တော့


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် တပည့်   ဒါယကာ  ဒါယိကာမများက   အပြစ်ရှိက ခွင့်လွှတ်တော်မူရန် တောင်းပန်ကန်တော့၍ ဆရာ တော်ဘုရားကြီးအား       နောက်ဆုံးတောင်းပန် ကန်တော့ကြသည်။ 

 


ကရဝိက်ယာဉ်ပေါ်အထိ ပင့်ဆောင်


ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်း အဖြစ်     ချမ်းမြသာစည်မြို့နယ်ရှိ   ဈာပနကွင်းသို့ ဆရာတော်ဘုရားကြီး၏    ရုပ်ကလာပ်တော်အား ပင့်ဆောင်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားမှူးက     ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား   ကရဝိက်ယာဉ်ပေါ်သို့   ကြွချီ တော်မူပါရန်   အဘိယာစန  နိမန္တန  ဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး   ကရဝိက်ယာဉ်ပေါ်သို့ ပင့်ဆောင်ရန်အတွက် ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား  ပင့်ဆောင်ရာတွင်  တပည့်သံဃာတော်  ရှစ်ပါးက   ဗိမာန်တော်မှ    ဗိမာန်တော်မုခ်ဦးအထိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   အမှူးပြုသည့်   အကြီးအကဲရှစ်ဦးကဗိမာန်တော်မုခ်ဦးမှ   သတ်မှတ်နေရာအထိ၊   ထိုမှ တစ်ဆင့် ဦးစီးကော်မတီ ရှစ်ဦး၊ ဆွေတော်မျိုးတော် ရှစ်ဦးတို့က သတ်မှတ်နေရာအသီးသီးမှ ကရဝိက် ယာဉ်တော်ပေါ်အထိ    အသီးသီး       ပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ ချမ်းမြသာစည်မြို့နယ်ရှိ ဈာပနကွင်းသို့ ပင့်ဆောင်ကြသည်။ 

 


စည်ကားသိုက်မြိုက်စွာ ပို့ဆောင်တော်မူ


ထိုသို့ ပင့်ဆောင်ရာတွင် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို တင်ဆောင်ထားသည့် ကရဝိက် ယာဉ်တော်အား အုပ်ချုပ်မှုယာဉ်များ၊ သက်တော်ရှည် နိုင်ငံတော်ဩဝါဒါဆရာတော်ကြီးများနှင့်    မဟာ နာယကဆရာတော်ကြီးများ၏ ယာဉ်များ၊ ဆရာ တော်ကြီး၏ ပုံတော်တင်ယာဉ်၊ သာသနာ့အလံကိုင် ဥပါသကာများနှင့် ကြေးစည်ကိုင် ဥပါသကာများ၏ ယာဉ်များ၊   ဒေဝါဝင်း၊  ရာဇာဝင်းအဖွဲ့  ယာဉ်များ၊ ကရဝိက်ယာဉ်တော်၏ ရှေ့တွင် သံဃာတော်အပါး ၅၀၀၊ အနောက်တွင် သံဃာတော်အပါး ၅၀၀၊ တပည့် သံဃာတော်များ၊   ဆွေတော်မျိုးတော်များ၊    ဝတ် အသင်းအဖွဲ့များနှင့် တပည့် ဒါယကာ ဒါယိကာမများ လိုက်ပါ၍ ကရိဝိက်ယာဉ်တော်၏ ဝဲ၊ ယာတွင် ဝတ်ဖြူ စင်ကြယ်ဝတ်  ဥပါသကာ  ၅၀  စီနှင့်   ဒါယကာ ဒါယိကာမများ၊  ဒေသခံပြည်သူများက   ပိတ်ဖြူစ (တမုတ်ကြိုး)  ဆွဲ၍   ပင့်ဆောင်ပူဇော်ကြသည်။ ပင့်ဆောင်ရာ    လမ်းကြောင်းတစ်လျှောက်တွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ တပည့်ဒါယကာ   ဒါယိကာမများ၊   ပြည်သူလူထု အပေါင်းတို့က လိုက်ပါခြံရံ၍ စည်ကားသိုက်မြိုက်စွာ ဖြင့် ပို့ဆောင်တော်မူကြသည်။ 

 


မင်္ဂလာပန်းရထားပေါ်သို့ ပင့်ဆောင်


ဆက်လက်ပြီး အခမ်းအနားအစီအစဉ် တတိယ ပိုင်းအဖြစ် အန္တိမ ဈာပနပူဇာ သဘင်ကိုကျင်းပပြုလုပ် ရာ ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား ကရဝိက် ယာဉ်တော်ပေါ်မှ   လောင်တိုက်ပေါ်သို့   တပည့် သံဃာတော်  ရှစ်ပါးတို့က   စတင်ပင့်ဆောင်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  တာဝန်ရှိပုဂ္ဂိုလ်များက   မင်္ဂလာပန်းရထားပေါ်သို့ ပင့်ဆောင်ကြသည်။

 


လောင်တိုက်တော်ပေါ်သို့ ပင့်ဆောင်


ထို့နောက် အခမ်းအနားမှူးက ဆရာတော်ဘုရား ကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ် သို့   ကြွချီတော်မူပါမည့်အကြောင်း  အဘိယာစန နိမန္တနဂါထာဖြင့်    တောင်းပန်လျှောက်ထားပြီး ရုပ်ကလာပ်တော်အား   လောင်တိုက်တော်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြသည်။
ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော် ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြ သည်။ 

 


နောက်ဆုံးတောင်းပန် ကန်တော့


ထို့နောက်     သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍   အနိစ္စာ ဝတ သင်္ခါရာ   အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများပြီး အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန်   တောင်းပန်ကန်တော့လွှာ ဖြင့်    နောက်ဆုံးတောင်းပန်   ကန်တော့ခြင်းများကို ဆောင်ရွက်ကြသည်။

 


တေဇောဓာတ်ဖြင့် ပူဇော်


ထိုသို့ တောင်းပန်  ကန်တော့ခြင်းများ  ပြုလုပ်ပြီး ၍   သာဓုသုံးကြိမ်ခေါ်ဆိုကြပြီးနောက်   တပည့် သံဃာတော်များက  စက်ခလုတ်နှိပ်၍  ဆရာတော် ဘုရားကြီး၏  ရုပ်ကလာပ်တော်အား   အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့ကြသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့    ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးသည်   နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ်  ၁၃  နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည့်   သာသနာ့ဦးသျှောင် ဆရာတော်ဘုရားကြီးဖြစ်ကြောင်း၊ ဗန်းမော်ဆရာ တော်ဘုရားကြီး လောင်းလျာကို မြန်မာသက္ကရာဇ် ၁၂၉၁ ခုနှစ်၊ တော်သလင်းလဆန်း (၁၄) ရက်၊ တနင်္လာ နေ့တွင် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်ရဘဲကျေးရွာ၌ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှ ဖွားမြင်တော်မူခဲ့ကြောင်း၊ ၁၃၀၄ ခုနှစ်၊   ဝါဆိုလဆန်း (၈) ရက်၊  တနင်္လာနေ့တွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၀ ပြည့်နှစ်၊ တပို့တွဲလဆန်း(၁၀)ရက်၊ တနင်္လာနေ့တွင် မြင့်မြတ် သော ရဟန်းအဖြစ်သို့  ရောက်ရှိတော်မူခဲ့ကြောင်း၊ ဆရာတော်ဘုရားကြီးသည် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ  ချီးမြှင့် တော်မူသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များစွာကို   ရရှိတော်မူခဲ့ကြောင်း၊  ဆရာတော်သည် ပထမအကြိမ်မှ ဆဋ္ဌအကြိမ် ၂၀၁၀ ပြည့်နှစ်၊ မတ်လ အထိ    နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ မတ်လမှ ဇူလိုင်လ အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုး တော်ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လမှ ယနေ့အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏ အဓိပတိအဖြစ်လည်း ကောင်း သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ ကြောင်း။

 


ဘဝနတ်ထံပျံလွန်တော်မူ


ထိုကဲ့သို့ ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့်      သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆန ဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေက ဂုဏ်၊ လဇ္ဇီ ပေသလ သိက္ခာကာမဂုဏ် ပရဟိ တာဝ ဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံ တော်အစိုးရက ဆရာတော်ကြီးအား ၂၀၀၉ ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက”  ဘွဲ့တံဆိပ် တော်နှင့် ၂၀၁၁ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ ဆရာတော်ဘုရားကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူလျက်ရှိစဉ်   သက်တော် (၉၄) နှစ်၊ သိက္ခာတော်(၇၄)ဝါ အရ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း (၇) ရက်၊ ၂၀၂၃ ခုနှစ်၊ မေ   ၂၅  ရက်  (ကြာသပတေးနေ့)၊  ည  ၁၁  နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


ရေမျှောပူဇော်ခြင်းအခမ်းအနား ကျင်းပမည်


နိုင်ငံတော်သံဃမဟာနာယကအဖွဲ့     ဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး   မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက  ဆရာတော်  အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ သရီရဓာတု ပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကို ဧရာဝတီမြစ်၊ မရမ်းခြံဆိပ်ကမ်း၌ ဇွန် ၇ ရက်  နံနက်ပိုင်းတွင်  ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။          

 
 သတင်းစဉ်