
နေပြည်တော် ဇွန် ၃
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော် (ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ပထမအစင်းသည် ဂတ်စ်မီးဖိုအလုံး ၆၀ ပါ ၆ ဖာ၊ ဂတ်စ်ဘူး အလုံး ၆၀ ပါ ၃ ဖာ၊ ကြက်ဥ အလုံး ၆၀၀၀၊ ၁၃ မျိုးပါ စားသောက်ကုန် ၁၃၃၉ ဖာ၊ ကြက် အကောင် ၅၀ ၊ Por-table Generator Set 56 kW နှစ် စုံ စုစုပေါင်းကုန်တန်ချိန် ၁၁ တန် တို့ကို ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ အငူမော်ကမ်းထိုး ရပ်သို့လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ် ဒုတိယအစင်း သည် ဆန်အိတ် ၉၉၉ အိတ် စုစုပေါင်း ကုန်တန်ချိန် ၅၀ တို့ကို စစ်တွေကမ်းထိုးရပ်၌ တင်ဆောင် ၍ ပေါက်တောကမ်းထိုးရပ်သို့ လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ် တစ်စင်းသည် မီးစက် သုံးလုံး၊ သစ်မျိုးစုံ ၆၉၆ ချောင်း၊ ဘိလပ်မြေ ၁၅၁၉ အိတ်၊ ဒီဇယ်ဆီ ၅ ပီပါနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံး Backhole တစ် စီး စုစုပေါင်း ကုန်တန်ချိန် ၁၁၀ ဒသမ ၉၅ တန်တို့ကို စစ်တွေ ကမ်းထိုးရပ်နှင့် အငူမော်ကမ်းထိုး ရပ်တို့၌ တင်ဆောင်၍ ရသေ့တောင် ကမ်းထိုးရပ်သို့ လည်းကောင်း ယနေ့တွင် ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ ရေးနှင့် ကယ်ဆယ်ရေးပစ္စည်း များ၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးယာဉ်များကို တာဝန်ရှိသူ များထံသို့ စနစ်တကျလွှဲပြောင်း ပေးအပ်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်