အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော်    ဇွန်    ၃
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြတိုက်(နေပြည်တော်) ရှိ Mini Theatre ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ ကုလသမဂ္ဂက ထုတ်ပြန်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး       ရည်မှန်းချက်ပန်းတိုင်များ (Sustainable  Development  Goals  SDGs) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက် အပံ့ဖြစ်စေရန်   အပြည်ပြည်ဆိုင်ရာ   ပြတိုက်များ ကောင်စီသည်  ၂၀၂၀ ပြည့်နှစ်မှစတင်၍  SDGs နှင့် ပတ်သက်သည့် အကြောင်းအရာများကို အပြည်ပြည် ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များ အဖြစ် နှစ်စဉ်သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ် ကိုလည်း     စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအနက် ပန်းတိုင်သုံးခုဖြစ် သည့် ပန်းတိုင် (၃)၊ ပန်းတိုင်(၁၃)နှင့် ပန်းတိုင် (၁၅)တို့ကို မျှော်မှန်း၍ Museums, Sustainability and Well-Being   “ကျန်းမာပျော်ရွှင်  လူ့ဘောင်တွင်၊ စဉ်ဆက်မပြတ်ရေး၊ ပြတိုက်များကစွမ်းဆောင်ပေး” ဆိုတဲ့ ဆောင်ပုဒ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ ပြည်သူ လူထုအနေနဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာပျော်ရွှင် စွာဖြင့် နေထိုင်နိုင်ကြစေရန်၊ သဘာဝဂေဟစနစ်များ မပျက်စီးစေရန်နှင့်   ရာသီဥတုပြောင်းလဲပျက်စီးမှု မဖြစ်စေရန်အတွက် ဆောင်ရွက်ကြရာတွင် ပြတိုက် များက  ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ၏  ဦးတည်ချက် ၁၂ ရပ်တွင် ပါဝင်သည့် လူမှုရေးဦးတည်ချက် ၄ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင်လည်း ပြတိုက်ပညာရှင်များနှင့် ပြတိုက်ဆိုင်ရာဝန်ထမ်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြ ပါရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်  မြန်မာနိုင်ငံ ပြတိုက်များကော်မတီ ဥက္ကဋ္ဌ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ်က   အပြည်ပြည် ဆိုင်ရာ ပြတိုက်များနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ ဆောင်ပုဒ် နှင့်အညီ       အမျိုးသားပြတိုက်  (နေပြည်တော်) ဧည့်ဆောင်၌   ခင်းကျင်းပြသထားသည့်   ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အထူးပြပွဲကို လှည့်လည် ကြည့်ရှုပြီး  အပြည်ပြည်ဆိုင်ရာ  ပြတိုက်များနေ့ အထိမ်းအမှတ်စာတမ်းဖတ်ပွဲသို့ တက်ရောက်သည်။
စာတမ်းဖတ်ပွဲကို   နံနက်ပိုင်းတွင်   စာတမ်းရှင် ဦးစီးအရာရှိ ဒေါ်မှူးစန္ဒြာခင်က “ကျန်းမာပျော်ရွှင်မှု တည်တံ့ခိုင်မြဲသော လူမှုအသိုက်အဝန်းနှင့် ပြတိုက် များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ်သမိုင်းပြတိုက် နှင့်    တပ်မတော်မော်ကွန်းတိုက်မှူးရုံးမှ   ဗိုလ်မှူး သန်းလှိုင်က    “မြန်မာ့တပ်မတော်   ဂုဏ်ဒြပ်များ မော်ကွန်းတည်ရာ တပ်မတော်စစ်သမိုင်းပြတိုက်”ခေါင်းစဉ်ဖြင့်   လည်းကောင်း၊   နေ့လယ်ပိုင်းတွင်  စာတမ်းရှင် အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်အေး ဝင်းသူက  “ပြတိုက်များအား    ဗိသုကာပညာရပ် အမြင်ဖြင့်    လေ့လာခြင်း”   စာတမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ညိုညိုယဉ်မောက် က  “ပြည်မြို့  ရွှေဆံတော်စေတီတော်ဗုဒ္ဓပြတိုက် အဆင့်မြှင့်တင်ခင်းကျင်းရေးလေ့လာချက်” ခေါင်းစဉ် ဖြင့်   လည်းကောင်း၊    ဦးစီးအရာရှိ   ဒေါ်ယင်းမာက “အမျိုးသားပြတိုက်(နေပြည်တော်)  ဗုဒ္ဓအနုပညာ ပြခန်းတွင် ပြသထားသည့် ပျူခေတ်နှင့် ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များလေ့လာချက်”  ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ဒုတိယဦးစီးမှူး  ဒေါ်ဥမ္မာကျော်က “ပုဂံခေတ်လက်မှုအနုပညာပြခန်းတွင် ခင်းကျင်းပြသ ထားသည့်    အေဒီ(၁၂) ရာစု   အဝတ်ပန်းချီအား လေ့လာတင်ပြချက်” ခေါင်းစဉ်ဖြင့် လည်းကောင်း စုစုပေါင်း  စာတမ်း  ၆ စောင်ကို   စာတမ်းရှင် ၆ ဦး က ဖတ်ကြားကြသည်။
စာတမ်းများ ဖတ်ကြားပြီးနောက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်      ဒေါက်တာသိန်းလွင်က ဖတ်ကြားသွားသော  စာတမ်းများနှင့်  ပတ်သက်၍ သုံးသပ်ဆွေးနွေးပြီး    ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်  အမှာစကားပြောကြား၍   သဘာပတိနှင့် စာတမ်းရှင်များကို အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်