
ပုသိမ် ဇွန် ၃
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ဟင်္သာတခရိုင်ရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြန်ကြားရေး လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက် ကြရန် ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုဖြူမြို့နယ်ရုံး ၊ ဇလွန် မြို့နယ်ရုံးနှင့် ဟင်္သာတခရိုင်ရုံးတို့သို့ ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ၎င်းတို့၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေး ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် သတင်း မီဒီယာလုပ်ငန်းများသည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်ကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် သတင်းမှန်များဖြန့်ဝေနိုင်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းများပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အရေးကြီးလုပ်ငန်းများကို ဆောင်ရွက်နေသည့် မိမိတို့ဝန်ထမ်းများသည် လည်း အရေးပါသည့်ပုဂ္ဂိုလ်များဖြစ်သည်ဟု မှတ်ယူထားပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ တာဝန်ကြီးသုံးရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် လုပ်ငန်းများကို ပြည်သူ များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ကြိုးစားကြရမည် ဖြစ်ကြောင်း၊ ပြည်သူ့စာကြည့်တိုက်များကို ဒစ်ဂျစ်တယ်စနစ် ကူးပြောင်း ၍ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများလည်း မြှင့်တင်လျက်ရှိသဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စာကြည့်တိုက်များတွင် လူငယ်များ ဖတ်သင့်ဖတ်ထိုက်သည့် စာအုပ်စာစောင်များထားရှိပေးရေး နှင့် လူငယ်များအား အသိမှန်အမြင်မှန်ရရှိစေပြီး ၎င်းတို့၏ ဘဝအခြေ အနေတိုးတက်စေရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဆွေးနွေးပွဲများ ကျင်းပစေ လိုကြောင်း၊ ယနေ့အချိန်တွင် အချို့သောလူငယ်များသည် အတွေး အမြင် လွဲမှားကာ မိမိတို့လူ့အဖွဲ့အစည်းအပေါ် အဖျက်အမှောင့် လုပ်ရပ် များ လုပ်ဆောင်နေသည်ကို တွေ့မြင်ရသဖြင့် လွန်စွာစိတ်မကောင်း ဖြစ်မိပါကြောင်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိ စေရေးအတွက် မီဒီယာနည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် ကြရန် ပြောကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ် ခဲ့သည်။
သတင်းစဉ်