
နေပြည်တော် ဇွန် ၃
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ် ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ဝယ်ယူနိုင်
၃ -၆ - ၂ဝ၂၃ ရက်(စနေနေ့)တွင် ထွက်ရှိသည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၂၂) တွင် မိခင်အပေါ် သနားကြင်နာပြီး အလိုက်သိတတ်သော ပုပု အကြောင်း ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် ... ဪ... သား ရယ်...” မျက်နှာဖုံးကာတွန်း၊ ရှေး ခေတ်လူတို့၏ ရေကြောင်းအသုံးပြုယာဉ်များဖြစ်သည့် လှေနှင့် ရွက်လှေများကို စတင်တီထွင် အသုံးပြုခဲ့ကြပုံ အကြောင်း တင်ဆက်ထားသည့် “လှေနှင့် ရွက်လှေများ ပေါ်ပေါက်လာပုံ” သုတဆောင်းပါး၊ ကလေးတို့ ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီ လက်ရာများကို တင်ဆက်ထား သည့် “ရွှေသွေး တို့လက်ရာ” ကဏ္ဍ၊ အကျိုးမရှိ မသေချာသော အလုပ်ကို မလုပ်တော့ဘဲ အကျိုးရှိ ပြီး သေချာသောအလုပ်ကိုသာ လုပ်တော့မည်ဆိုသော မြေခွေး လင်မယားအကြောင်း သရုပ်ဖော် ထားသည့် “မသေချာတဲ့ မျှော်လင့် ချက်” နှစ်မျက်နှာကာတွန်း၊ ကျောင်းပြန် တက်ရတော့မည် ဟူသော စိတ်ကူးအတွေးဖြင့် ပျော်ရွှင်ကျေနပ်နေသော မောင်ငြိမ်း ချမ်းအကြောင်း တင်ဆက်ထား သည့် “မောင်ငြိမ်းချမ်း ကျောင်း ပြန်တက်ရတော့မည်” ဝတ္ထုကဏ္ဍ၊ ဖေဖေနှင့် မေမေတို့၏ အမှတ်တရ ဓာတ်ပုံများကို မကြည့်ချင်တော့ ဘူးဆိုသော ဟန်သီမအကြောင်း ရေးဖွဲ့ထားသည့် ကာတွန်း အီကွေတာ၏ “ဟန်သီမ” တစ် မျက်နှာကာတွန်း၊ စာဘူးတောင်း ငှက်ကလေးတို့၏ သဘာဝအတိုင်း အုန်းပင်များတွင် တွဲလောင်းခို အသိုက်များကို တည်ဆောက်ထား ကြပြီး နားခို နေကြပုံအကြောင်း ရေးဖွဲ့ထားသည့် ဆရာခြူးရဲ့ သန့်၏ “စာသိုက်ပုခက်” ကဗျာ ကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍ နှင့် ရွှေသွေးအင်္ဂလိပ်သဒ္ဒါကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေ ဗိမာန် စာအုပ်အရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်