နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ် တောကြီးစာဖြူစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

 

ပန်းတနော် ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် ပန်းတနော်မြို့နယ် တောကြီး စာဖြူစုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) နှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီခွဲ တွင် ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ တက်ရောက် ၍ ဖွင့်လှစ်ပေးကြသည်။


ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အလှူရှင်များက ကျောင်းဆောင် သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ပြီး  ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဂုဏ်ယူဝမ်းမြောက်

ထို့နောက် ကျောင်းဆောင် သစ် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို  ကျောင်းခန်းမ၌  ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ကျောင်းဆောင် သစ်ကြီးကို ဖွင့်လှစ်၍ အနာဂတ် မျိုးဆက်များအား ပညာအမွေ ကို ပေးအပ်နိုင်သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း၊ ယခုကဲ့သို့  ပညာရေး ဆိုင်ရာ  အခြေခံအဆောက်အအုံ များကို တည်ဆောက်ပေးခြင်း သည်  အနာဂတ်မြန်မာ့လူ့အဖွဲ့ အစည်းအား ပညာအခြေခံသည့် လူ့အဖွဲ့အစည်းများဖြစ်ပေါ်လာ အောင် ဆောင်ရွက်ခြင်းပင်ဖြစ် ကြောင်း၊ အသိပညာ မြင့်မားသည့် လူ့အဖွဲ့အစည်းများနှင့်   အသိ ပညာမြင့်မားသည့် နိုင်ငံတော်ကြီး ဖြစ်မှသာ ဖြစ်ပေါ်နေသည့်ပဋိပက္ခ များ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းများ တည်ဆောက် နိုင်မည်ဟု ယုံကြည်ထားပါကြောင်း၊ မိမိတို့၏ နိုင်ငံတော်ကို ပညာ အခြေခံမြင့်မားသည့် လူ့စွမ်းအား အရင်းမြစ်များဖြင့် တည်ဆောက် နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်(၄) ရပ်တွင် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင် ရေးဆိုသည့်အချက်ကို ထည့်သွင်း ဖော်ဆောင်လျက် ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းမြစ်  ဖွံ့ဖြိုးမှု များ၏အခြေခံသည် အခြေခံပညာ ကျောင်းများ၏ ပညာရေးလုပ်ငန်း များဖြစ်ပါသဖြင့် ယခုကဲ့သို့ ပညာ ရေး အခြေခံအဆောက်အအုံများ ကို တည်ဆောက်ပေးနေခြင်းဖြစ် ပါကြောင်းနှင့် ကျောင်းဆောင်သစ် ကြီး ဖြစ်ပေါ်လာအောင် ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့သူများ အား အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။


ဝိုင်းဝန်းပြုစုပျိုးထောင်ပေး

ယင်းနောက်  ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယခု ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို  ဂုဏ်ပြု တက်ရောက်ပေးနိုင်ခြင်းကြောင့် များစွာ ဂုဏ်ယူမိပါကြောင်း၊ ကျောင်းသား လူငယ်များသည် ဖယောင်းကဲ့သို့ပုံသွင်းရန် လွယ်ကူ သည့်အတွက် မှန်ကန်စွာပုံသွင်း ထုဆစ်ပေးရန် လိုအပ်ပါကြောင်း၊ အချို့လူငယ်များ၏ လွဲမှားသော အယူဝါဒ၊ အကျင့်စရိုက်များကြောင့် မိမိအတွက်ရော နိုင်ငံအတွက်ပါ အကျိုးမရှိဘဲ နွံနစ်လျက် ရှိပါ ကြောင်း၊ ထိုကဲ့သို့ မဖြစ်ပေါ်စေရန် အနာဂတ်လူငယ်များအား ပညာ အခြေခံကောင်းသော၊ ပညာဉာဏ် အမြော်အမြင်ကြီးသော လူငယ် များဖြစ်အောင် ဝိုင်းဝန်းပြုစု ပျိုးထောင်ပေးကြရမည် ဖြစ် ကြောင်း၊ ယနေ့အချိန်တွင် မိမိတို့ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာ မြင့်မားစေရန်  ဆွေးနွေးပွဲများ၊ စကားဝိုင်းများကို ကျင်းပဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ကျောင်းဆောင်သစ်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော် က ချမှတ်ထားသည့်  ပညာရေး မျှော်မှန်းချက်များ အောင်မြင်စေ ရေးအတွက်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် မေတ္တာ ရပ်ခံပါကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက  ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆောင်ရွက်လျက်ရှိသည့် ပညာ ရေးလုပ်ငန်းများကို  ရှင်းလင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ကျောင်းဆောင် သစ်လှူဒါန်းသည့် အလှူရှင်များ ကိုယ်စား  အလှူရှင်တစ်ဦးက ကျောင်းဆောင်သစ်ဆောက်လုပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းဆောင် သစ်နှင့်ပတ်သက်၍ စာရွက် စာတမ်းများအား တိုင်းဒေသကြီး ပညာရေးမှူးထံ  လွှဲပြောင်း ပေးအပ်သည်။  ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အထကခွဲ တောကြီး စာဖြူစုကျောင်းရှိ  KG  ကလေး များအတွက် ကျောင်းဝတ်စုံများထောက်ပံ့လှူဒါန်းရာ အထကခွဲ တောကြီးစာဖြူစု တာဝန်ခံကျောင်း အုပ်ဆရာမကြီးက လက်ခံရယူပြီး ကျောင်းအကျိုးဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြောကြား သည်။


အဆိုပါ တောကြီးစာဖြူစု ကျောင်းဆောင်သစ်သည် အလျား ပေ ၁၃၀၊ အနံပေ ၃၀ နှင့် အမြင့် ၂၄ ပေရှိ RC အမျိုးအစား နှစ်ထပ် အဆောက်အအုံဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်းနှင့်အဖွဲ့ဝင်များသည် တောကြီး စာဖြူစုကျေးရွာ ကွင်းအမှတ် ၅၈၂၊ ဦးပိုင်အမှတ် ၄၆/၁ ရှိ တောင်သူဦးကျော်မိုး၏ လယ်ယာ မြေတွင် မိုးစပါးရာသီ တစ်ဧက အထွက်နှုန်း ၁၀ တင်း ပိုမိုထွက်ရှိ ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းဆောင် ရွက်နေမှုများကို ကြည့်ရှုအားပေး ခဲ့ကြသည်။ 

သတင်းစဉ်