နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း စစ်တွေမြို့အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့ပေးနေမှုအခြေအနေများ လှည့်လည်ကြည့်ရှု

 

စစ်တွေ   ဇွန်    ၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင်   ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး  တင်အောင်စန်းသည်  ဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ   ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်း စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်နေမှု၊  ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးပစ္စည်းများ တင်ချနေမှု၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေးနေမှုနှင့် မုန်တိုင်း ဒဏ်သင့်ပြည်သူများအား ဆန်များ ထောက်ပံ့ဖြန့်ခွဲပေးနေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုသည်။

 


ဦးစွာ ဗိုလ်ချုပ်ကြီးတင်အောင် စန်းနှင့်အဖွဲ့သည်    စစ်တွေမြို့ ကျောင်းကြီးလမ်း        ရပ်ကွက် ကျောင်းကြီးလမ်းနှင့် မင်းဘာကြီး လမ်းဘေးဝဲယာ   တစ်လျှောက်ရှိ အမှိုက်များနှင့် သစ်ပင်၊ သစ်ကိုင်း များအား   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊    ဌာနဆိုင်ရာ ဝန်ထမ်းများ၊    လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူ  စုစုပေါင်းအင်အား  ၆၀၀ ကျော်ဖြင့်    ခုတ်ထွင်ရှင်းလင်း ဖယ်ရှားနေမှုကို    သွားရောက် ကြည့်ရှုအားပေးပြီး မြို့ရွာသန့်ရှင်း သာယာရေး    ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်၊ မကြာမီ မိုးရာသီရောက်ရှိတော့မည်  ဖြစ် သဖြင့် ရေစီးရေလာကောင်းမွန်စေ ရေးအတွက်  ရေမြောင်းများကိုပါ တစ်ပါတည်း   ရှင်းလင်းကြရန် တာဝန်ရှိသူများကို      မှာကြား သည်။

 


ယင်းနောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံ တံတား၌  ဆိုက်ကပ်ထားသော MCL-3   သင်္ဘော၊   စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ဆိုက်ကပ် ထားသော   MCL-5   သင်္ဘောနှင့် AQUARIUS    သင်္ဘောတို့ပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများကို  လူ အင်အား၊ စက်ယန္တရားအင်အား များအသုံးပြု၍   ဘေးသင့်ဒေသ များသို့ပို့ဆောင်ပေးမည့် ရေယာဉ်/မော်တော်ယာဉ်များပေါ်သို့ တင် ဆောင်နေမှုကို   ကြည့်ရှုစစ်ဆေး ပြီး  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထို့နောက်     ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်    အဖွဲ့သည် စစ်တွေမြို့     ကမ်းနားလမ်းသို့ ရောက်ရှိပြီး    ကွန်ကရစ်လမ်း၊ ပလက်ဖောင်းနှင့်     ကျောက်စီ မြေထိန်းနံရံများ    ပျက်စီးနေမှု အား ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်တွေခရိုင်   လမ်းဦးစီးဌာနက ပြန်လည်ပြုပြင်ရန် ဆောင်ရွက် နေမှုအခြေအနေကို      ကြည့်ရှု စစ်ဆေးသည်။

 


ဆက်လက်၍   ကျောင်းကြီး လမ်းနှင့်    မင်းဘာကြီးလမ်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေကြသည့်အဖွဲ့များကို SKY NET၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက် တာများအသင်း၊ မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ    အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်၊ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည် ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအသင်း၊ ဘာသာစုံမိတ်ဆွေ များအဖွဲ့တို့မှ    လှူဒါန်းသည့် ဒံပေါက်ထုပ်များ ဝေငှပေးနေမှုကို သွားရောက်ကြည့်ရှု  အားပေးပြီး ပါဝင်ကူညီဝေငှပေးသည်။

 


စားသောက်ဖွယ်ရာများ 
ပေးအပ်


ယင်းနောက်    ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်   အဖွဲ့သည် စစ်တွေမြို့နယ်  ကြွီတဲကျေးရွာ ကြွီတဲကျွန်း ဗဟိုတောရကျောင်း တိုက်သို့   ရောက်ရှိပြီး   စစ်တွေ ပြည်သူ့ဆေးရုံကြီးမှ   အထူးကု ဆရာဝန်ကြီးများ၊ ခုတင် ၅၀ ဆံ့ စစ်တွေတိုင်းရင်းဆေးရုံမှ သမား တော်ကြီးများ မြေပြင်ကွင်းဆင်း ၍   ပြည်သူလူထုအား   ကျန်းမာ ရေး    စောင့်ရှောက်ပေးနေမှုနှင့် ကျန်းမာရေးအသိပညာပေးနေမှု တို့ကို ကြည့်ရှုအားပေး၍   လူနာ များ၏ ကျန်းမာရေးအခြေအနေ များကို မေးမြန်းကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

 


ထို့နောက်     ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်      အဖွဲ့သည် ကြွီတဲကျွန်း ဗဟိုတောရကျောင်း တိုက်   ဆရာတော်အား   ဖူးမြော် ကြည်ညိုပြီး    ဒံပေါက်ဆွမ်းနှင့် လှူဖွယ်ဝတ္ထု     ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 


ထောက်ပံ့ပေးအပ်


ဆက်လက်၍ ကြွီတဲကျေးရွာ သို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူ များ၊ ရပ်မိရပ်ဖများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံကာ     ပညာရေး၊ ကျန်းမာရေး၊     စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စရပ် များကို မေးမြန်းပြီး မုန်တိုင်းဒဏ် သင့်ပြည်သူများအတွက်   ဆန် အိတ်များနှင့် စားသောက်ဖွယ်ရာ များကို  ထောက်ပံ့ပေးအပ်သည်။

 


ထို့နောက်      ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်       ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် ရခိုင်ပြည်နယ် မုန်တိုင်းဒဏ် သင့်ဒေသများ ပြန်လည်ထူထောင် ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ သို့ တက်ရောက်၍ အလှူရှင် Myo Naing- Nine Group Co.,Ltd (Yangon)မှ ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း   ၃၀၀   ကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာ     ပြန်လည်ပေးအပ်ကာ    ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူး တင်စကား ပြောကြားသည်။

 


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်     အဖွဲ့သည် မုန်တိုင်းဒဏ်သင့်     ပြည်သူများ နှင့်    ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန် နှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူ နိုင်ရန်  စစ်တွေမြို့ ဦးဥတ္တမပန်းခြံ အတွင်း၌    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်    စစ်တွေတပ်နယ် အရောင်းဆိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း      ရိုးမစတား အရောင်းဆိုင်၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်  သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဂန္ဓမာအရောင်း ဆိုင်တို့မှ လျှပ်စစ်ပစ္စည်းများ၊ အိမ် ဆောက်ပစ္စည်းများ၊   လူသုံးကုန် ပစ္စည်းများ၊ အခြေခံစားသောက် ကုန်ပစ္စည်းများ၊   အသား၊   ငါး၊ ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင် သုံးပစ္စည်းများ  ရောင်းချပေးနေမှု နှင့် ဒေသခံပြည်သူများ တစ်ခဲနက် ဝယ်ယူအားပေးနေမှုကို    ကြည့်ရှု အားပေးသည်။

 


ထို့နောက်    ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်  အဖွဲ့သည်  မြန်မာ့ဆိပ်ကမ်း    အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား၌ စိုက်ပျိုးရေး၊     မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  စက်မှု လယ်ယာဦးစီးဌာနမှ ရခိုင်ပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေး    စီမံကိန်း အတွက် အသုံးပြုရန်ပေးပို့ထား သော  ဘက်စုံသုံးထွန်စက် ၃၃ စီး အား  MCL -3 သင်္ဘောမှ ဆိပ်ကမ်း ပေါ်သို့     စက်ယန္တရားများဖြင့် တင်ချနေမှုနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဝင်းအတွင်း   ယာယီ ထိန်းသိမ်းထားရှိမှုကို    ကြည့်ရှု စစ်ဆေးသည်။

 


ယင်းနောက်     စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူလူထု အတွက် ဒံပေါက်ထုပ်များ ဝေငှရန် ဆောင်ရွက်နေသည့်   ချက်ပြုတ် ရေးအဖွဲ့များအား    သွားရောက် တွေ့ဆုံ၍ မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းနှင့်    မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့်   သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့မှ   ထုတ်လုပ် သည့် လူသုံးကုန်နှင့် စားသောက် ဖွယ်ရာများ    ထောက်ပံ့ပေးအပ် သည်။ 

 


ကူညီထွန်ယက်ပေးသွားမည်


ရခိုင်ပြည်နယ်တွင်      မိုခါ မုန်တိုင်းဒဏ်ကြောင့်  လယ်ယာ မြေများ   ထိခိုက်ပျက်စီးမှုရှိခဲ့ရာ တောင်သူလယ်သမားများ ၂၀၂၃- ၂၀၂၄ခုနှစ် မိုးစပါးရာသီ အချိန်မီ စိုက်ပျိုးနိုင်ရေး ကူညီထွန်ယက် ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှု လယ်ယာဦးစီးဌာနမှ မြင်းကောင် ရေ ၅၀ ရှိ နယူးဟော်လန် ထွန်စက် ၃၃ စီး၊  ၆ သွားထယ်   ၃၃ လက်၊ ဓားစက်ထွန် ၃၃ လက်ကို စစ်တွေ မြို့သို့ ပို့ဆောင်ခဲ့ပြီး ရသေ့တောင် မြို့နယ်သို့ ၁၉ စုံ၊ စစ်တွေမြို့နယ် တွင် ၁၄ စုံ  ထားရှိ၍   တောင်သူ လယ်သမားများ၏ လယ်ယာမြေ များကို ကူညီထွန်ယက်ပေးသွား မည်ဖြစ်သည်။   ရခိုင်ပြည်နယ်၌ ယခင် ထွန်စက် ၄၇ စီး  ရှိပြီဖြစ် သဖြင့် စုစုပေါင်း  ထွန်စက်အစီး ၈၀ ဖြင့်  လယ်ယာလုပ်ငန်းများကို ကူညီထွန်ယက်ပေးနိုင်မည်ဖြစ်ပြီး ထွန်စက်တစ်စီးသည် တစ်ရာသီ လျှင်  အနည်းဆုံး လယ်ဧက ၂၂၀ ကို စိုက်ပျိုးနိုင်သည့်အဆင့်အထိ ထွန်ယက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။      


သတင်းစဉ်