ကျွန်းစုမြို့နယ်အတွင်း ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

 

ကျွန်းစု   ဇွန်   ၃


တနင်္သာရီတိုင်းဒေသကြီး     ကျွန်းစုမြို့နယ်အတွင်း ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း  စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 


အဆိုပါ  ရေငန်ပုစွန်မွေးမြူရေး   လုပ်ငန်းများကို ဩဘာစံကုမ္ပဏီလီမိတက်က   ကျွန်းစုမြို့နယ်    မအိုင် ကျေးရွာအုပ်စု မအိုင်ကျွန်းပေါ်တွင် မြေဧက ၁၉၆ ဧက၌ လည်းကောင်း၊  ကျော်ကောင်းထက်  ကုမ္ပဏီလီမိတက် က  မအိုင်ကျွန်းပေါ်ရှိ    မြေဧက   ၉၀၀  ၌  လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 


ယင်းအပြင် မအိုင်ကျေးရွာအုပ်စု မစမ်းပါးကျေးရွာ အနီးမှ Khine Zin Yaw Trading ကုမ္ပဏီလီမိတက်နှင့်   ကတ္တလူကျေးရွာမှ ပြည်ဖြိုးထွန်းကုမ္ပဏီလီမိတက်တို့ ကလည်း  ခေတ်မီ  ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိရာ    အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။      

 


အဆိုပါ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ပုစွန်ကန် များမှ    မွေးမြူရေးပုစွန်များ ဖမ်းဆီးနေမှုများကို   တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အဖွဲ့ဝင်များ    ယမန် နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 


 ၂၀၂၂ -၂၀၂၃  ဘဏ္ဍာနှစ်တွင်  မြိတ်ခရိုင်အတွင်း၌     ခေတ်မီ ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်း များကို ပြည်ဖြိုးထွန်းကုမ္ပဏီလီမိ တက်၊ Khine Zin Yaw Trading    ကုမ္ပဏီလီမိတက်နှင့်   ရွှေကံမော် ကုမ္ပဏီလီမိတက်တို့က  လုပ်ကိုင် ခဲ့ပြီး အဆိုပါပုစွန်ကန်များမှ ပုစွန် တန်ချိန် စုစုပေါင်း   ၈၈၉၀  ကို မွေးမြူထုတ်လုပ်ပြီး   ပြည်တွင်း အအေးခန်းကုမ္ပဏီများ၊  ဒေသ တွင်းရောင်းချခြင်းနှင့်     ပြည်ပသို့  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ ရေငန် ပုစွန်  မွေးမြူထုတ်လုပ်ရာတွင် ပုစွန်ကန်တစ်ကန်လျှင် ကန်အရွယ် အစားပေါ်မူတည်၍ ပုစွန်သား ပေါက်ကို နွေရာသီတွင် ကောင်ရေ  တစ်သန်းမှ  ၁ ဒသမ ၅ သန်း၊ မိုးရာသီတွင် ကောင်ရေ တစ်သန်း မှ ၁ ဒသမ ၃ သန်း ထည့်ပြီး မွေးမြူ ကြကြောင်း၊  ပုစွန်ကန်တစ်ကန် လျှင် ရက်ပေါင်း  ၉၀ မှ ၁၂၀  အထိ    ကြာမြင့်ကြောင်း၊ မွေးမြူထုတ် လုပ်ရရှိမှုအနေဖြင့်  တစ်ကန်လျှင် ပုစွန်တန်ချိန်  ၃၀ မှ ၄၀   ဝန်းကျင်   မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။    

ခိုင်ထူး(ပြန်/ဆက်)