
မိုင်းလား ဇွန် ၂
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌ ဒုတိယနေ့အဖြစ် ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတ သောအမျိုးသားပါတီ (MNTJP/MNDAA) ၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)တို့မှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးပြတ် သေးသောကိစ္စများကို ဆက်လက်ဆွေးနွေးညှိနှိုင်း ခဲ့ကြပြီး နှစ်ဖက်အဆင်ပြေသည့်အချိန်တွင် ပြန်လည် တွေ့ဆုံ၍ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်