ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)ရှိ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်   ဇွန်    ၂
တပ်မတော်အနေဖြင့်   သဘာဝ ဘေးဒဏ်သင့်ဒေသများသို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့ စေလွှတ်၍   လိုအပ်သည့်ကူညီ ကယ်ဆယ်ရေး   လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်  (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင် များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ် သည့်      ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊   ရဟတ် ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့် ဒေသများရှိ စာသင်ကျောင်းများ အတွက် ကျောင်းစိမ်းဝတ်စုံများ၊ ကျောင်းစာအုပ်များ၊ ဗလာစာအုပ် များ၊ တပ်မတော်  (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက   လှူဒါန်းသည့် ဘုန်းကြီးကျောင်းနှင့်   သီလရှင် ကျောင်းများအတွက်   လှူဖွယ် ပစ္စည်းများ၊    အခြေခံစားကုန် ဟင်းသီး    ဟင်းရွက်များနှင့် ကယ်ဆယ်ရေးပစ္စည်း  ၄ ဒသမ ၃၆၄ တန်ကို တင်ဆောင်၍ ရန်ကုန် မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေ လေဆိပ်သို့ လည်းကောင်း၊ လူမှု ဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ပေးပို့သော စုစုပေါင်း ဆန် အိတ် ၃၂၀၊ ၁၆ တန်ကို မန္တလေး အပြည်ပြည်ဆိုင်ရာ    လေဆိပ်မှ ကလေးလေဆိပ်သို့ လည်းကောင်း တပ်မတော်(လေ) ရှိ လေယာဉ်များ ဖြင့် ပို့ဆောင်ပေးသည်။
သဘာဝဘေးဒဏ်သင့်ဒေသ များရှိ      ပြည်သူများအတွက် ကယ်ဆယ်ရေး   ပစ္စည်းများကို တပ်မတော်(လေ) ရှိ လေယာဉ်/ရဟတ်ယာဉ်များဖြင့်   အချိန်နှင့် တစ်ပြေးညီ   ပို့ဆောင်ပေးလျက် ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ ရေးပစ္စည်း ၄၄၇ ဒသမ  ၂  တန်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် ကူညီဆောင်ရွက်ပေးကြ မည့် တပ်မတော်သားများနှင့် ဌာန ဆိုင်ရာဝန်ထမ်း ၃၀၉၇ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ လေဆိပ် များသို့ရောက်ရှိသည့် ကယ်ဆယ် ရေးပစ္စည်းများအား မုန်တိုင်းဒဏ် သင့်ဒေသများသို့ ရဟတ်ယာဉ်များ ဖြင့်   ဆက်လက်ပေးပို့    ဖြန့်ဖြူး လျက်ရှိကြောင်းနှင့်    အဆိုပါ တပ်မတော်လေယာဉ် / ရဟတ် ယာဉ်များဖြင့် ပို့ဆောင်ပေးလျက် ရှိသောပစ္စည်းများကို တာဝန်ရှိသူ များက လက်ခံရယူပေးကြကြောင်း သတင်းရရှိသည်။      သတင်းစဉ်