အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး

 

နေပြည်တော်    ဇွန်  ၁


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် MNDAA၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့တို့သည်   ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့ အရှေ့တိုင်းဧည့်ရိပ်မွန်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

 


တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊      ပြည်ထောင်စုအစိုးရအဖွဲ့ရုံး     ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး၊    အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု     ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ     ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်     ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး  (အငြိမ်းစား)၊   တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA) ၊ ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA) နှင့်   ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA)တို့မှ  ကိုယ်စားလှယ်များ  တက် ရောက်ကြသည်။

 


ဆွေးနွေးပွဲ၌   ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံ တော်တွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာ စေရေးကိစ္စ၊   တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏    လိုလားချက်ပန်းတိုင်ဖြစ်သည့်    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေး နှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်း အကောင်အထည်ဖော်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု   တည်ဆောက် ရေးဆိုင်ရာကိစ္စများကို        ရှင်းလင်းဆွေးနွေးပြီး  ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ  ပယ်ဖျက်ရေးကိစ္စနှင့် မိုခါ မုန်တိုင်း ဒဏ်သင့်    ပြည်သူများထံသို့   လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ    အကူအညီများ    အမြန်ဆုံး အဆင်ပြေချောမွေ့စွာ  ရောက်ရှိနိုင်ရေးကိစ္စများကို လည်း   နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ   အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး   ဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့ကြသည်။ 

 


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု         ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဇွန် ၂  ရက် တွင်    ဆက်လက်    တွေ့ဆုံဆွေးနွေးသွားမည်ဖြစ် ကြောင်း  သတင်းရရှိသည်။

 
သတင်းစဉ်