ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်    ဇွန်  ၁
တပ်မတော်အနေဖြင့် သဘာဝ ဘေးဒဏ်သင့်ဒေသများသို့ ကူညီ ကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့ စေလွှတ်၍    လိုအပ်သည့်   ကူညီ ကယ်ဆယ်ရေး  လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်   ရှိသည့် အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)  မိသားစုများ၊  စေတနာရှင် အလှူရှင်များက   လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊   ကူညီ ထောက်ပံ့ရေး       ပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့်   ပစ္စည်း များကိုလည်း         တပ်မတော် လေယာဉ်၊     ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ     ဆောင်ရွက် ပေးနိုင်ရေးအတွက်       ပြန်လည် ထူထောင်ရေး     လုပ်ငန်းများတွင် ကူညီ    ဆောင်ရွက်ပေးကြမည့် တပ်မတော်သားများနှင့်     ဌာန ဆိုင်ရာ  ဝန်ထမ်းများလိုက်ပါပြီး တပ်မတော် (ကြည်း၊ ရေ၊  လေ)မိသားစုများ၊ စေတနာရှင် အလှူရှင် များက   လှူဒါန်းသည့် ဆက်သွယ် ရေးပစ္စည်းများ၊ အဝတ်အထည် များ၊      စားသောက်ဖွယ်ရာများ နှင့်    ကယ်ဆယ်ရေးပစ္စည်းများ ကို   တင်ဆောင်၍     ရန်ကုန်မြို့ ရှိ    မင်္ဂလာဒုံလေဆိပ်မှ   စစ်တွေ လေဆိပ်သို့ တပ်မတော် လေယာဉ် ဖြင့်    တစ်ကြိမ်    ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ တပ်မတော်လေယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို    တာဝန်ရှိသူများ က လက်ခံရယူပေးကြကြောင်းနှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့   ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်