သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    ဇွန်  ၁
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများ တွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင် ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထား သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက် အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ      ယနေ့တွင် ပုဏ္ဏားကျွန်းမြို့၌  ရောက်ရှိအခြေပြုလျက်ရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ပုဏ္ဏားကျွန်းမြို့ မြို့မဘုန်းကြီးကျောင်း၌   ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ   ဆောင်ရွက်ပေး လျက်ရှိသည်။     
အလားတူ စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီ ကယ်ဆယ်ရေးအဖွဲ့များသည် လေဆိပ်၌ ထောက်ပံ့ ပစ္စည်းများအား သယ်ယူပို့ဆောင်ပေးပြီး လမ်းဘေး ဘယ်/ညာမှ လဲကျနေသော  သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အတူ မောင်တောမြို့နယ်သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ဒုံးပိုက်ကျေးရွာ၌ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 
အလားတူ မောင်တောမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မောင်တောမြို့ဟိန္ဒူကယ်ဆယ်ရေးကျေးရွာ၌ လေဘေးသင့်ပြည်သူ များကို    သောက်သုံးရေများ    ဖြန့်ဝေပေးခြင်း နှင့် အောင်ဗလကျေးရွာအုပ်စု၌ ဒေသခံပြည်သူများ ကို ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေး လျက်ရှိသည်။ 
ထို့အတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ကျောက်ဖြူမြို့ ဂုံးချွိန်ကျေးရွာအုပ်စု၌      ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ 
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် လမ်းဘေးဘယ်/ညာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ဒပြုချောင်းကျေးရွာအုပ်စု၌ ဒေသခံ ပြည်သူများအား     ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 
ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် တောင်ရင်းတန်း ရပ်ကွက်နှင့်   အရှေ့တောင်ရပ်ကွက်တို့ရှိ   ဒေသခံ ပြည်သူများအား  ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။ 
အလားတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသည့်  ကူညီကယ်ဆယ်ရေးအဖွဲ့များသည်    ရွှေတောင် ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လဲကျ နေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်းနှင့်    နဒင်ကျေးရွာရှိ   ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသည့်  ကူညီ ကယ်ဆယ်ရေးအဖွဲ့များသည် ရွှေတောင်ဘုန်းတော် ကြီးကျောင်းရှိ ရွာသစ်ကေကျေးရွာအတွင်းရှိ လဲကျ နေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေး ဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေး တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသ ရေးအဖွဲ့သည်  စစ်တွေမြို့   နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍     နယ်မြေခံကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ   ဒေသခံပြည်သူများကို  လိုအပ်သည့်     ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။  သတင်းစဉ်