
စစ်တွေ ဇွန် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်မှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ယူနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးသည်။
ဦးစွာ ဗိုလ်ချုပ်ကြီးတင်အောင် စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ အမှတ်(၁) အခြေခံပညာ အထက် တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာ အထက်တန်း ကျောင်းတို့သို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ နိုင်ငံတော် က အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ် စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံ၊ ဘောပင်များရရှိမှု၊ စာသင်ဆောင်၊ စာသင်ခန်း၊ စားပွဲ၊ ကုလားထိုင်နှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံ လုံလောက်မှု ရှိ/မရှိ အခြေအနေ၊ ဆရာနှင့်ကျောင်းသား အချိုးမျှတ မှု ရှိ/ မရှိ အခြေအနေနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ကျောင်း ကျန်းမာရေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေတို့ကို လိုက်လံကြည့်ရှု မေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်တော်သာ ရပ်ကွက်ရှိ အမှတ်(၁၅) အခြေခံ ပညာ မူလတန်းလွန်ကျောင်း နှင့် ကျောင်းတက်လမ်းရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းတို့သို့ သွားရောက်ပြီး စာသင်ခန်းများအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားနေမှု၊ စာသင် ဆောင်၊ စာသင်ခန်းများ၏ ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် သန့်ရှင်းသပ်ရပ်မှု အခြေအနေများ ကို ကြည့်ရှုကာ (KG)တန်း၌ တက်ရောက်နေသည့် ကျောင်းသား ကလေးငယ်များကို ကျောပိုးအိတ် များ(အောက်ပုံ)နှင့် စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်းနှင့် စစ်တွေတပ်နယ်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းတို့သို့ သွားရောက်ပြီး ကျောင်းအပ်လက်ခံနေမှု၊ ကျောင်း သား ကျောင်းသူများ ကျောင်း တက်ရောက်မှု၊ ပညာသင်ကြား သင်ယူမှုနှင့် သင်ကြားရေးအတွက် လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများ ရရှိမှုအခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ အတန်းငယ် ကလေးများအတွက် ကျောပိုးအိတ်များကို ထောက်ပံ့ ပေးအပ်၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အဆိုပါကျောင်းများသို့ ရောက် ရှိစဉ် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က နိုင်ငံတော်အစိုးရအနေဖြင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ စာသင်ကျောင်းများကို ပုံမှန်ကျောင်းဖွင့်ချိန်အမီ ဖွင့်လှစ် နိုင်ရန် ပြန်လည်ပြုပြင်ရေးလုပ်ငန်း များကို ဦးစားပေး ဆောင်ရွက်ပေး ခဲ့ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ကျောင်း များ၌ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားစေ လိုကြောင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းနှင့် ကျောင်းအတွင်း အပြင် သန့်ရှင်းသာယာရေး အတွက်လည်း အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် လိုအပ်သည်များ ကိုလည်း ဆက်လက်ဖြည့်ဆည်း ထောက်ပံ့ပေးသွားမည် ဖြစ် ကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် လောကာနန္ဒာစေတီတော် မြတ် ကြီးသို့ ရောက်ရှိပြီး စစ်တွေ မြို့နယ် သံဃနာယကအဖွဲ့က ဦးဆောင်ကျင်းပသည့် အကြိမ် (၃၀)မြောက် နိကာယ်စာမေးပွဲ ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကြသည်။
ရှေးဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့သည် စစ်တွေမြို့ ပြည်နယ်ဩဝါဒါစရိယ နန္ဒာရာမကျောင်းတိုက် ပဓာန နာယက အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒသီရိ အမှူး ပြုသော စာမေးပွဲကြီးကြပ် ဆရာ တော်ကြီးများအား ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းကာ စာဖြေ သံဃာတော် ၄၅၃ ပါးအား အချို ရည်များ ဆက်ကပ် လှူဒါန်းကြ သည်။
ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြပြီး ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွား နိုင်ရေးနှင့် လုပ်ငန်းများ လျင်လျင် မြန်မြန် ပြီးစီးရေးအတွက် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက် ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနသည် ရခိုင်ပြည်နယ်အတွင်း ရှိ မုန်တိုင်းသင့်ဒေသများသို့ ကွင်းဆင်း၍ တိရစ္ဆာန်ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် ဆေးကုသမှုလုပ်ငန်းများကို မေ ၂၁ ရက်မှ မေ ၃၀ ရက်အထိ ဆောင်ရွက်ခဲ့ရာ ကျောက်တော်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ဘူးသီးတောင် နှင့် ရသေ့တောင်မြို့နယ်များ အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၄ ရွာနှင့် တပ်ရင်းတပ်ဖွဲ့ ၆ ခု မှ ကျွဲ၊ နွား ၃၁၅၈ ကောင် ကို လည်ချောင်းကွဲရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ် ဆေးများထိုးနှံခြင်း၊ ဝက်အကောင် ၆၀ ကို ဝက်ပလိပ်ရောဂါနှင့် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေး များထိုးနှံခြင်း၊ ထိခိုက်ဒဏ်ရာနှင့် နာမကျန်းဖြစ်ပွားသည့် ကျွဲ၊ နွား ၃၂၇ ကောင်၊ ဝက် ၆၇ ကောင်နှင့် ဆိတ် ၁၀ ကောင်တို့ကို ဆေးကုသ မှုပေးခြင်းတို့ ဆောင်ရွက်ပေး ခဲ့သည်။
ထို့ပြင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော နှင့် ရသေ့တောင် မြို့နယ်တို့သို့ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ၁၃ မျိုးပါ တိရစ္ဆာန်ရောဂါ ကုသဆေးများ ထောက်ပံ့ပေးခြင်းနှင့် ရသေ့ တောင်မြို့နယ် ခနောင်ကြီး ကျေးရွာ၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင် ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်ရှိ အခြေခံပညာကျောင်း များအားလုံး ယနေ့တွင် တစ်ပြိုင် တည်း ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ နည်းပညာတက္ကသိုလ် (စစ်တွေ)၌ ပထမနှစ်မှ ပဉ္စမနှစ် အထိ သင်တန်းများ၊ ကွန်ပျူတာ တက္ကသိုလ် (စစ်တွေ)၌ ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်တန်းများ၊ အစိုးရ နည်းပညာအထက်တန်း ကျောင်း (စစ်တွေ) ၌ ပထမနှစ် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူ) ပူးပေါင်း ဖွင့်လှစ်သော သင်တန်း၊ ဒုတိယ နှစ် (ပုံမှန်) သင်တန်းများနှင့် ပညာရေးဝန်ကြီးဌာန အောက်ရှိ စစ်တွေတက္ကသိုလ်၌ ပထမနှစ်မှ စတုတ္ထနှစ်အထိ သင်တန်းများ ကို စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်