
နေပြည်တော် မေ ၃၀
ဆိုင်ကလုန်းမုန်တိုင်း မိုခါအလွန်ကာလ၌ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအခြေအနေထက် ပိုမိုကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်း များကို မိုးမကျမီအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ hybrid စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဒုတိယ ဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြပြီး စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင် ပြည်နယ် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံ အုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူများ နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာနမှူးများက အွန်လိုင်းမှတစ်ဆင့် တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကျရောက်ခြင်းဖြစ်စဉ်၌ အမျိုး သား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီအသီးသီးမှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် ခဲ့ကြရာတွင် မိမိတို့ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများနှင့် အနီး ကပ် ကြီးကြပ်ပံ့ပိုးမှုများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် မုန်တိုင်း ဒဏ်ပြင်းထန်စွာခံရသည့် ရခိုင် ပြည်နယ်ရှိ မြို့နယ်များတွင် အဆောက်အဦ အနည်းငယ် ပျက်စီးမှုများမှလွဲ၍ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ တန်ဖိုးကြီး စက်ကိရိယာများ ပျက်စီးဆုံးရှုံးမှု ကြီးမားစွာမရှိခဲ့ဘဲ ကျန်းမာရေး စောင့်ရှောက်မှုများ ကိုလည်း မပျက်မကွက် ဆက်လက်ပေးအပ် နိုင်ခဲ့ကြောင်း၊ ထို့အပြင် မေ ၁၅ ရက်မှစတင်၍ ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ နယ်လှည့် အထူးကုဆေးအဖွဲ့များ၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များ နှင့်ဆေးအဖွဲ့များက တိုက်နယ် ဆေးရုံ၊ ကျေးလက်ကျန်းမာရေး ဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲများမှသည် ကျေးလက် ဒေသများသို့ ရောက်ရှိသည်အထိ ကွင်းဆင်း၍ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း။
ညှိနှိုင်းဖြည့်ဆည်းပေး
ယခု မုန်တိုင်းအလွန်ကာလ တွင် ရခိုင်ပြည်နယ်အတွင်း ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်း များ မူလအခြေအနေထက် ပိုမို ကောင်းမွန်စွာဖြင့် ပေးအပ်နိုင်ရေး နှင့် ပြန်လည်ပြုပြင် တည်ဆောက် ရေး လုပ်ငန်းများကို မိုးမကျမီ အတွင်း မြန်ဆန်စွာ ဆောင်ရွက် နိုင်ရေးအတွက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗဟိုမှညှိနှိုင်း ကွပ်ကဲရေးအဖွဲ့၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဦးစီးဌာနများမှ ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများကို တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်း ဖြည့်ဆည်းပေးရန်ဖြစ်ပါကြောင်း။
မုန်တိုင်းအလွန် ကာလ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အပါအဝင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ဗဟိုအဆင့်တွင် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟို ဌာန၏ လမ်းညွှန်မှုကို ခံယူ၍ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အနီးကပ် ကြီးကြပ်မှုဖြင့် လည်းကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ၏ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
မုန်တိုင်းအလွန် ကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ အပါ အဝင် ကူးစက်ရောဂါများ ကပ်အသွင် ဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေး ထိုးလုပ်ငန်းနှင့် အမီလိုက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။
ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန အောက်ရှိ စစ်တွေ သူနာပြု/သားဖွား သင်တန်းကျောင်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ စစ်တွေ တိုင်းရင်းဆေးရုံကြီး၊ မြို့နယ် တိုင်းရင်းဆေးခန်းများနှင့် စစ်တွေ မြို့ရှိ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနရုံး အမြန်ဆုံး ပြင်ဆင်ပြီးစီးရေး လုပ်ငန်းများ ကို အမြန်ဆုံး ပြီးစီးစေရေး ဆက်လက် ဆောင်ရွက်ကြရန်ဖြစ် ပါကြောင်း ပြောကြားသည်။
တင်ပြဆွေးနွေး
အစီအစဉ်အရ ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ရခိုင် ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ စစ်တွေ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက တင်ပြဆွေးနွေး ကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး၊ မင်းပြားမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး၊ ရသေ့တောင် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပုဏ္ဏားကျွန်း မြို့နယ်၊ မြေပုံမြို့နယ်၊ မာန်အောင် မြို့နယ်၊ ကျောက်ဖြူခရိုင်နှင့် တောင်ကုတ်ခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးတို့က ကျန်းမာရေးစောင့် ရှောက်မှုများ စဉ်ဆက်မပြတ် ပေးအပ်နေခြင်းနှင့် အဆောက် အဦများကို ပြင်ဆင်နေသည့် အခြေ အနေများကို အသီးသီးတင်ပြ ကြသည်။
တင်ပြချက်များကို ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများက ဆွေးနွေး ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်