မိမိတို့ဒေသတွင် ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများကို အကျိုးရှိစွာအသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်

 

နေပြည်တော်   မေ    ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပင်းတယ မြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင်များသည်   ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ ရောက်ရှိ ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအာကာလင်းနှင့်   အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားများက ရိုးရာအိုးစည်များဖြင့် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 


MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး


ထို့နောက် တွေ့ဆုံပွဲပြုလုပ်မည့်   ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသခန်းမသို့ ရောက်ရှိကြပြီး  အခမ်း အနားကို   စတင်ကျင်းပပြုလုပ်ရာ   ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နယ်မြေဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့တင်ပို့ရောင်းချ လျက်ရှိမှု၊ MSME လုပ်ငန်းများအတွက် အထောက် အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ပေးထားသည့် ရင်းနှီးမတည်ငွေများအား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများအလိုက် ထုတ်ချေးပေးထားမှုနှင့်အာလူး အအေးခန်းတည်ဆောက်ထားရှိမှု၊    ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း    စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်း များဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိမှု၊ သတ္တုသန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက်   လိုအပ်သည့်    နည်းပညာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ်အတွက် ထုတ်ပေးထားရှိ သည့်   နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ    MSME လုပ်ငန်းများအတွက် အစုအဖွဲ့များအလိုက်   ရင်းနှီး မတည်ငွေများ ထုတ်ချေးပေးထားမှု၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း   ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးထားမှု၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ မြစ်ရေတင်လုပ်ငန်း များဆောင်ရွက်ပေးထားမှု၊  ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုနှင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး   ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

 


ယင်းနောက်   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ MSME လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြ ကြရာတွင်   ရွှေတက်လမ်းအာလူးအစုအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ချယ်ရီတောင်တန်း လက်ဖက်သမအသင်း အမှုဆောင်အဖွဲ့ဝင် ဦးဘစီ၊ ရွာငံမြို့နယ် သမဝါယမ အသင်းစု မန်နေဂျာ  ဦးအောင်ကြင်၊   ရွာငံမြို့နယ် ရွှေသစ်သီးဖျော်ရည်လုပ်ငန်းရှင်  ဦးဝင်းမြင့်လေးနှင့် မြို့မိမြို့ဖများ၊ တက်ရောက်လာကြသူများက အာလူး တစ်ဧကချင်း    အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိစေရေး  ဆောင်ရွက်နေမှု နှင့်  အာလူးမျိုးများ    သိုလှောင်ထားရှိရန်အတွက် အာလူးအအေးခန်း   သိုလှောင်ရုံဆောက်လုပ်လိုမှု၊ ပင်းတယမြို့နယ်၏  အဓိက  ထုတ်ကုန်ဖြစ်သည့် လက်ဖက်ထုတ်လုပ်မှုအား အဆင့်မြင့်ထုတ်ကုန်များ အဖြစ်   ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး  လိုအပ် သည့် နည်းပညာ၊ စက်ကိရိယာနှင့် ရင်းနှီးမတည်ငွေ များ ကူညီဆောင်ရွက်ပေးစေလိုမှု၊  ရွာငံဒေသတွင် အရည်အသွေးပြည့်မီသည့် ကော်ဖီသီးနှံများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး   ဒေသတွင်းကော်ဖီစိုက်ဧက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက် ကော်ဖီဈေးကွက် ပိုမိုရရှိရေး  လိုအပ်သည်များကို  ကူညီပေးစေလိုမှု၊ လမ်းပန်းဆက်သွယ်မှုများ ယခုထက် လွယ်ကူလျင်မြန် ချောမွေ့စေရေး ပင်းတယမြို့ရှောင်လမ်းဆောင်ရွက် ပေးစေလိုမှု၊ ပင်းတယမြို့နှင့် ရွာငံမြို့နယ်၌ သဘာဝ ရေထွက်များ နည်းပါးလာခြင်း၊ လူဦးရေတိုးပွားလာ ခြင်းတို့ကြောင့် သောက်သုံးရေလိုအပ်မှု ပမာဏများပြား လာသဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေ လိုမှု၊ ပင်းတယမြို့ ကျက်သရေဆောင် ဘုတ်တလုတ် ရေကန်ကြီး  မတိမ်ကော၊ မပပျောက်ရေး    ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှုနှင့်  ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေး ကြရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည် မေးမြန်းဆွေးနွေး ပြောကြားသည်။ 

 


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး လုပ်ငန်းရှင်များ၏  တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့်  အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက် ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေ များကို  ထုတ်ချေးပေးထားမှု၊   ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေနှင့်   စီးပွားရေးချေးငွေဟူ၍    နှစ်မျိုးခွဲခြား ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ချေးငွေများ ရယူနိုင်မှု၊ ချေးငွေများ ရယူပြီးပါကလည်း မှန်မှန်ကန်ကန်သုံးစွဲရန်နှင့်   သတ်မှတ်ကာလများ အလိုက် ပြန်လည်ပေးဆပ်သွားရန်လိုအပ်မှု၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝ  ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   သမဝါယမ အသင်းအဖွဲ့များ စုဖွဲ့၍  လိုအပ်သည့် စက်ကိရိယာ များ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးလျက်ရှိမှု၊ MSME လုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းသတ်မှတ် ချက်များနှင့်အညီ    လုပ်ငန်းမှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခြင်းဖြင့်   အကျိုးကျေးဇူးများရရှိနိုင်မှု၊ ဒေသတွင်းထွက်ရှိသည့် ကော်ဖီနှင့် လက်ဖက်တို့အား ပြည်ပဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေး၊ ပြည်ပ ကုန်စည်များ၌  ပါဝင်ပြသနိုင်ရေး  ဆောင်ရွက်ပေး လျက်ရှိမှုနှင့်  အခြားလိုအပ်သည်များကို ဆွေးနွေး ပြောကြားသည်။ 

 


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က   ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ တင်ပြ သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်ချက်များ တင်ပြမှု အပေါ် အလေးထားမှတ်သား၍ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 


ဒေသ၏ ရေခံမြေခံကောင်းများကို အကျိုးရှိစွာ အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည်    စီးပွားရေးနှင့် ပတ်သက်၍   အလားအလာကောင်းများ   များစွာ ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းတွင် ရာသီသီးနှံများနှင့် နှစ်ရှည်သီးနှံများ ကို စိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းသည်   “ဥတုရာသီတောကိုမှီ”   ဟူသည့် အတိုင်း သဘာဝသစ်တောသယံဇာတများ မပြုန်းတီး မှ ရာသီဥတုကောင်းမွန်နိုင်ပြီး ဥတုရာသီကောင်းမွန်မှ သာ စိုက်ပျိုးရေးလုပ်ငန်းအတွက်အဓိကလိုအပ်သည့် စိုက်ပျိုးရေများကို လုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း၊ သစ်တောများ ပြုန်းတီးမှုမရှိ စေရေး   အားလုံးပူးပေါင်း   ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သစ်တောများ   ပြုန်းတီးမှုဖြစ်ပေါ်ခြင်း ကြောင့် ရာသီဥတုများပူပြင်းလာနိုင်ပြီး စိုက်ပျိုးရေ များ   ခန်းခြောက်သွားနိုင်သဖြင့်    သစ်တောများ ပြုန်းတီးမှုမရှိအောင်    ဒေသတွင်းနေထိုင်သူများနှင့်    တာဝန်ရှိသူများက   ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက် ကြစေလိုကြောင်း၊   နေသာသည့်ရက်များတွင်လည်း  နေရောင်ခြည်ကို အကျိုးရှိစွာအသုံးချ၍   နေရောင် ခြည်စွမ်းအင်သုံး   လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ကိုဆောင်ရွက်၍ ရနိုင်မည်ဖြစ်ကြောင်း၊   ပင်းတယ ဒေသတွင် ဝမ်းစာဖူလုံမှုရှိသည်ကို  အချက်အလက်များ အရ  တွေ့ရှိရသော်လည်း ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီမှုမရှိသေးကြောင်း၊ အထွက်နှုန်းကောင်းမွန် သည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်း။

 


ဒေသတွင်းဝမ်းစာဖူလုံမှုရှိပါက ပြင်ပမှဝယ်ယူစားသုံးရန်မလိုအပ်သောကြောင့် ဒေသတွင်းငွေကြေး လည်ပတ်မှုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ဧက တိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်း များတိုးတက်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ အခြားသီးနှံများကိုလည်း ပန်းတိုင်ရည်မှန်း ချက်ပြည့်မီအောင် ဆောင်ရွက်မည်ဆိုပါက ဝင်ငွေ များ ပိုမိုကောင်းမွန်လာပြီး ဒေသစီးပွားရေးနှင့်ဒေသခံ များ၏ လူမှုစီးပွားဘဝများ   တိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသတွင်းပိုင်ဆိုင်ထားပြီးဖြစ် သည့်   ရေခံမြေခံကောင်းများကို    စနစ်တကျဖြင့် အကျိုးရှိစွာအသုံးချပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း။

 


စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့်
ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်


မွေးမြူရေးနှင့်ပတ်သက်၍   အထွက်နှုန်းများ တိုးတက်စေရန်အတွက် အထွက်နှုန်းကောင်းသည့် မျိုးများကို စနစ်တကျဖြင့်   မွေးမြူရန်လိုကြောင်း၊ ပင်းတယဒေသတွင် ကြက်၊ ဝက်၊ နွားနှင့်  အခြား တိရစ္ဆာန်များကို အောင်မြင်အောင်မွေးမြူဆောင်ရွက် မည်ဆိုပါက နိုင်ငံအတွက် အသားထုတ်လုပ်မှုများကို ဆောင်ရွက်ပေးနိုင်သည့် ဒေသတစ်ခုဖြစ်လာမည်ဖြစ် ကြောင်း၊ နို့စားနွားများမွေးမြူ၍လည်း နို့နှင့် နို့ထွက် ကုန်များကို ထုတ်လုပ်နိုင်ကြောင်း၊ တိရစ္ဆာန်အစား အစာများထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထုတ်ကုန် များ ဒေသတွင်း၌ရှိပြီးဖြစ်ခြင်းကြောင့် မွေးမြူရေး လုပ်ငန်းကို  များစွာအထောက်အကူပြုစေမည်ဖြစ် ကြောင်း။
မိမိတို့အနေဖြင့် MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာ၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို   အားပေးဆောင်ရွက်နေခြင်းမှာ   စိုက်ပျိုးရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက် ၍ ကုန်ထုတ်လုပ်မှုအတွက် သေချာသည့် ကုန်ကြမ်း များကို ရရှိနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ စိုက်ပျိုးရာ တွင်   လိုအပ်သည့်    သဘာဝမြေဩဇာနှင့်   ရေကို လုံလောက်စွာအသုံးပြုရန်လိုကြောင်း၊ စိုက်ပျိုးရေး နှင့်  မွေးမြူရေးလုပ်ငန်းများ   ဆောင်ရွက်ရာတွင် အာဟာရပြည့်ဝအောင်   သွင်းအားစုများ   မှန်မှန် ကန်ကန်ဖြင့်    စိုက်ထည့်ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ  တိုးတက်ကောင်းမွန်လာမည်ဖြစ် ကြောင်း။

 


ဒေသတွင်း ပညာတတ်
လူသားအရင်းအမြစ်ကောင်းများ ရရှိရေး


ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် ပိုးသတ် ဆေးများအသုံးပြုမှုကို အန္တရာယ်ရှိသည်အထိ အသုံး မပြုစေလိုကြောင်း၊ စိုက်ခင်းများအတွက် ရေသုံးစွဲရာ တွင်လည်း စနစ်တကျ ထိရောက်စွာဆောင်ရွက်ရန် လိုကြောင်း၊ ပင်းတယဒေသတွင် စိုက်ပျိုးရေးလုပ်ငန်း များကိုဆောင်ရွက်ရာ၌ စိုက်နည်းစနစ်များ၊ မြေပြုပြင် ခြင်းများနှင့် ရေအသုံးချခြင်းများကို ထိရောက်စွာ အသုံးပြုသွားမည်ဆိုပါက စိုက်ပျိုးရေးထုတ်ကုန်များ ကို  ယခုထက်  ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန်အတွက်   စိုက်ပျိုးရေးပညာ ကျွမ်းကျင်သူများ များစွာလိုအပ်ကြောင်း။

 


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ် သည့် လူသားအရင်းအမြစ်များ ကြွယ်ဝစွာရရှိရေး အတွက်   ဒေသတွင်းပညာတတ်များ   ပေါများရန် လိုကြောင်း၊ ပင်းတယဒေသတွင် ပညာသင်ကြားမှုနှင့် ပတ်သက်၍   အားနည်းမှုများရှိသည်ကို   တွေ့ရှိရ ကြောင်း၊ နည်းပညာစိုက်ပျိုးမွေးမြူရေး အထက်တန်း ကျောင်းများ၌   ပညာသင်ကြားနိုင်ရန်   အနိမ့်ဆုံး အလယ်တန်းအဆင့်အထိ အောင်မြင်ထားရန်လိုအပ် ကြောင်း၊  အတန်းပညာများရှိမှသာ  အတတ်ပညာ ရှိမည်ဖြစ်ပြီး အတတ်ပညာများရှိမှသာ ကျွမ်းကျင်သူ များဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပင်းတယ ဒေသအတွင်း ပညာတတ်များပေါများရေး  ပညာရေး ကို ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန် လိုကြောင်း။

 


ဒေသတွင်းခရီးသွားလုပ်ငန်း တိုးတက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင်မည်


ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ခရီးသွား များကိုဆွဲဆောင်နိုင်မှုရှိသည့် သဘာဝပတ်ဝန်းကျင် အလှအပများရှိသည့်အပြင် ရာသီဥတုကောင်းမွန်ပြီး ထင်ရှားသည့်နေရာများကိုလည်း   ပိုင်ဆိုင်ထားရှိ ကြောင်း၊ ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်၍ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်  ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် ရိုးရာအစားအသောက်များနှင့် ဒေသထွက်ကုန်များကို ဆွဲဆောင်မှုရှိအောင်နှင့် အရည်အသွေးကောင်းမွန် အောင်   ဆောင်ရွက်နိုင်မည်ဆိုပါက  ဒေသဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်မည် ဖြစ်ပြီး  ဒေသသို့လာရောက်သူများလည်း   များပြား လာမည်ဖြစ်ကြောင်း၊ အလားတူ မိမိတို့ဒေသအတွင်း သန့်ရှင်းသာယာလှပရေးအတွက်လည်း    ဒေသခံ ပြည်သူများ၊ ဒေသတွင်း  တာဝန်ထမ်းဆောင်လျက် ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသမှအဓိကထွက် ရှိသည့် လက်ဖက်၊ ကော်ဖီ၊ ပဲပုပ် စသည့်စားသောက် ကုန်များကို အရသာရှိအောင်ဆောင်ရွက်၍ ထုပ်ပိုးမှု များကို စနစ်တကျဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက ခရီးသွားများကို   ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သဖြင့် ရောင်းအားများ တိုးတက်လာမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် လိုအပ်သည်မှာ ဒေသတွင်း၌ နေထိုင်သူများ အားလုံး အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး မိမိတို့ အလုပ် လုပ်ခြင်း၏အကျိုးကို မိမိတို့ ပြန်လည်ခံစားရမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးဆောင်ရွက်နေခြင်း မဟုတ်ဘဲ   နိုင်ငံ့အရေးအတွက်ကိုသာ   ဦးတည် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊     နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း  ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခြင်း ဖြင့် ဒေသအကျိုး သယ်ပိုးကြရန်လိုကြောင်း၊ ယနေ့ တွင် အကြံပြုဆွေးနွေးပြောဆိုမှုများသည်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဒေသတွင်းနေထိုင် သည့်ဒေသခံများ၏   အကျိုးအတွက်   တိုက်တွန်း ဆွေးနွေးပြောဆိုခြင်းသာ ဖြစ်ကြောင်း၊  ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းစွာဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ပါ ကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက်   အားလုံးဝိုင်းဝန်း   ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း  ဆွေးနွေးပြောကြား သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်သည်   တက်ရောက် လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်   ခင်းကျင်းပြသ ထားသည့် ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက် ကုန်၊ လူသုံးကုန်၊  စက်မှုလက်မှုထုတ်ကုန်၊   ရိုးရာ လက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ စသည့် ထုတ်ကုန်ပစ္စည်းများ   ခင်းကျင်းပြသထားရှိမှုများ ကို    ပြကွက်တစ်ခုချင်းစီအလိုက်     စိတ်ဝင်တစား ဖြင့်  လေ့လာခဲ့ပြီး   ဈေးကွက်ရရှိမှု    အခြေအနေ များကို မေးမြန်းဆွေးနွေးရာ   လုပ်ငန်းအလိုက်   စီးပွားရေးလုပ်ငန်းရှင်များက     လိုက်လံရှင်းလင်း   တင်ပြခဲ့ကြောင်း သတင်းရရှိသည်။    

             
သတင်းစဉ်