နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

 

နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများဆွေးနွေး

 

နေပြည်တော်   မေ   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ   ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ    H.E.  Mr.Sholban Kara-Ool  ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ရှိ   ပင်လုံရိပ်သာဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

 


ထိုသို့ တွေ့ဆုံရာတွင် ယခုနှစ်သည် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံမှု (၇၅) နှစ် ပြည့်မြောက် သည့်နှစ်ဖြစ်ပြီး     ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ဆက်လက်တိုးမြှင့်         ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊       နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ        ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊  မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ သိပ္ပံ နှင့်နည်းပညာရပ်ပိုင်းဆိုင်ရာ ပညာရပ်များအပါအဝင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့  မြန်မာနိုင်ငံမှ ပညာတော် သင်များ  စေလွှတ်လျက်ရှိသည့်    အခြေအနေများ၊  အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) ဝင်ရောက်မှု ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်   ဒေသများ အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကူညီထောက်ပံ့မှု များ  ပေးအပ်သွားမည့်အခြေအနေများ၊   နှစ်နိုင်ငံ ပြည်သူများအချင်းချင်း     ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေးအတွက် အပြန်အလှန်ခရီးသွားလာရေး ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ များ၊   မြန်မာနိုင်ငံနှင့်         ရုရှားနိုင်ငံတို့အကြား ဘက်ပေါင်းစုံတွင်     ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေ များ၊ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ တာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့်  မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရား မျှတသည့်   ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး   ရုရှား နိုင်ငံမှ  ကူညီဆောင်ရွက်ပေးသွားမည့်   အခြေအနေ များနှင့်စပ်လျဉ်းပြီး   ရင်းရင်းနှီးနှီး   ဆွေးနွေးခဲ့ကြ သည်။ 

 


တက်ရောက်


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝင်းရှိန်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် ဒူးမားလွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ကြ သည်။

 


မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ပြီး   မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်